ခိုးကိုးရာမဲ့ မျက်လုံးလေးတစ်စုံ၊
အတတ်ပညာတစ်ခုရဲ့ အနိမ့်အမြင့်တွေကြားမှာ
အေ၇ာင်မှိန်ခဲ့ဖူးတယ်။
ဘ၀ရယ်....
အရောင်တွေ များလိုက်ပုံများ...
စွဲစွဲမြဲမြဲ မ၀ံ့ထည်တော့တဲ့
တုန်ရီ ခြေနှစ်ချောင်းလို.....
လမ်းမှားတွေဘက် တိမ်းစောင်ခဲ့ဖူးတယ်။
ငယ်ငယ် က....ဖားခြေထောက်ကို ကြိုးနဲ့ချည်၊
ခုန်ခိုင်းခဲ့သလိုမျိုး .............
ငါ့ရဲ့အားထုတ်မှုတွေ...
နောက်ပြန် ရောက်ရောက်နေခဲ့။
အသုံးမတည့်တော့တဲ့..
အသီးအပွင့်တွေလို...
ပုပ်အဲ့အဲ့ လက်သီးဆုပ်ထဲက၊
ဘ၀တွေ ဆုပ်ချည်ဖြန့်ချည်.....
ဒီလိုနဲ့ပဲ ဘ၀ဟာ......
နောက်ထပ်တဖန် '
အရောင် မှိန်ခဲ့ရပြန်ပြီ။ ။
Monday, February 20, 2012
ဝဋ်
Sunday, February 5, 2012
ငါ့ဘ၀လမ်း
အကျဉ်းစံ
ဝေဒနာသည်တစ်ယောက်ရဲ့
အလွမ်းပွင့်ကြွေသံတွေရယ်ပါ....။
လမ်းတွေမဆုံးသေးဘူး၊
တစ်ထောင့်တစ်ညပုံပြင်လို
ဘ၀ကိုအခါခါငိုကြွေးနေရ။
ဘယ်တော့မှ ပြန်မဆုံနိုင်ခြင်းတွေက
အလွမ်းကိုဖြားယောင်နေကြ။
ကြေကွဲလွမ်းဆွတ်လိုက်တာ
ဘယ်လိုမှမေ့ဖျောက်မရနိုင်တော့
တစ်ယောက်တည်းကြေကွဲအခန်းကျဉ်းထဲမှာ
အလွမ်းသံစဉ်တွေညည်းတွား.....။
ခြောက်ကပ်ကပ်ပါပဲ....
ခြောက်ကပ်ကပ်နဲ့ပါပဲ........။
ဆေးလိပ်၊ အရက်နှင့်ကော်ဖီ
အလွန်အကျွံသောက်ခြင်းက ဦးနှောက်၏လုပ်ဆောင်မှုကို ပျက်ယွင်းစေနိုင်
ကဖင်းဓာတ်သည် လူတို့အား ဘေးဥပဒ်ဖြစ်စေနိုင်ခြင်းမရှိဟု ယူဆရသော် လည်း ကဖင်းဓာတ်ပါဝင်သောကော်ဖီအား ရေရှည်တွင် အလွန်အကျွံသုံးစွဲပါက ဆေး ခြောက်နှင့် ကိုကင်းကဲ့သို့ မူးယစ်ဆေးဝါး များ သုံးစွဲသကဲ့သို့ အကျိုးပျက်ပြားစေနိုင် သည်ဟုဆိုသည်။ လေ့လာဆန်းစစ်မှုအရ ကော်ဖီအလွန်အကျွံသုံးစွဲမှုကြောင့် အယ်လ် ဇိုင်းမားကဲ့သို့သော အကြိုဇရာရောဂါကို ဖြစ်ပေါ်စေပြီး ကဖင်းဓာတ်သည် ဦးနှောက်လုပ်ဆောင်မှုနှင့်ဆက် စပ်နေသော စိုးရိမ်မှု၊ ဒေါသနှင့် ရုတ်တရက် စိတ်ဖောက်ခြင်း ကဲ့သို့သော စိတ်ပိုင်းဆိုင်ရာ ပြဿနာများကို ဖြစ်ပေါ်စေ ခြင်းနှင့် ဦးနှောက်၏ လုပ် ဆောင်မှုတွင် နိုးကြားမှုမရှိ ခြင်း သို့မဟုတ် ဖျတ်လတ်ခြင်းကဲ့သို့သော မူ မမှန်မှုများကို ဖြစ်ပေါ်စေသည်ဟု ဆိုသည်။
ထိုသို့သော ချို့ယွင်း မှုသည် ဦးနှောက်၏ ဧရိယာ တစ်ဝိုက်သို့ ထိရောက်စွာ သွေးပေးပို့နိုင်ခြင်းမရှိသော ကြောင့်ဖြစ်သည်။
ဆေးလိပ်၊ အရက် နှင့် ကော်ဖီ အလွန်အကျွံ သောက်သုံးသူများ၏ ဦး နှောက်ကို စစ်ဆေးကြည့် လျှင် အကြီးအကျယ်ပျက် စီးမှုပြုနေကြောင်း တွေ့ရှိရမည်ဟု အာရုံ ကြောနှင့် စိတ်ရောဂါဆရာဝန် ဒန်နီယယ် အေမင်က ပြောကြားခဲ့သည်။
၎င်းင်း၏အဆိုအရ တစ်နေ့လျှင် ကော်ဖီတစ်ခွက် သို့မဟုတ် ရက်သတ္တတစ် ပတ်လျှင် ၀ိုင်နှစ်ခွက်သောက်သုံးခြင်းက ကျန်း မာရေးနှင့်ပတ်သက်၍ ပြဿနာမရှိသော် လည်း တစ်နေ့လျှင် ကော်ဖီရှစ်ခွက် သို့မဟုတ် တစ်နေ့လျှင် ၀ိုင်နှစ်ခွက်သောက်သုံးခြင်းမှာ လူတို့၏ကျန်းမာရေးအတွက် ဘေးဥပဒ်ဖြစ် မည့် ပမာဏပင်ဖြစ်သည်ဟု ဒေါက်တာအေ မင်က ပြောကြားခဲ့သည်။
[Ref : Internet]/KTA
Saturday, February 4, 2012
ကောင်းကင်ထက်ကကြယ်
ညတစ်ညရဲ့ အလှတရားကိုပုံဖော်ပေးနေတဲ့ ………ဟိုး…….ကောင်းကင်ပေါ်က
တစ်လက်လက်တောက်ပနေတဲ့ ကြယ်လေးတွေကိုကြည့်ရင်း…ကျွန်တော်ပြုံးခဲ့ မိတယ်……….
ညရဲ့ အလှတရားဆိုတာ ကြယ်စင်လေးတွေရှိမှပြီးပြည့်စုံတာ…ကြယ်စုံတဲ့ ညဆိုရင်အတိုင်းထက်အလွန်ပေါ့…
ကြယ်ကလေးတွေကသူတို့ ရဲ့ ကိုယ်ပိုင်အလင်းရောင် မှုံပြပြလေးတွေနဲ့ ကြည့်သူတွေကိုကြည်နူးမှုတွေပေးတယ်…
အေးချမ်းမှုတွေပေးတယ်…စိတ်ကူးစိတ်သန်းတွေကိုပေးတယ်…တောနက်ထဲလမ်းပျောက်နေသူကိုလမ်းပြပေးတယ်
ပင်လယ်ပြင်ထဲစမ်းတ၀ါးဝါးမသွားရအောင်မြေပုံအဖြစ်နေပေးတယ်…ကဗျာဆရာအတွက်ကဗျာပေါင်းများစွာကိုပေးတယ်…
သီးချင်းတွေကိုဖြစ်လာစေတယ်…ပန်ချီဆရာအတွက် လှပတဲ့ စုတ်ချက်ပေါင်းများစွာကိုပေးတယ်…
ခံစားတက်သူတိုင်းအတွက်အရာရာကိုပေးနိုင်စွမ်းရှိတယ်…သိပ္ပံပညာရှင်တွေအတွက်လေ့ လာမှုပေါင်းများစွာကို ဖြစ်စေတယ်…ဘာလို့ လဲဆိုတော့မြေပြင်ပေါ်ကနေကောင်းကင်ကိုမော့ ကြည့်မိတဲ့ အခါ…တလက်လက်တောက်ပနေတဲ့ 
ကြယ်ပွင့်လေးတွေကိုအားလုံးစိတ်ဝင်စားကြလို့ ပဲ…
နေရောင်လောက်မတောက်ပပေမဲ့ (အလင်းမရပေမဲ့ )လရောင်လောက်မကျယ်ပြန့် ပေမဲ့ ...စိတ်ခံစားမှုပေါင်းစုံကိုတော့ 
ပေးစွမ်းနိုင်စွမ်းရှိတယ်လို့ ကျွန်တော်ထင်တယ်…အထီကျန်ဆန်တဲ့ အခါ
ကြယ်လေးများကသင့်ကိုအဖော်ပြုပေးပါလိမ့် မယ်…သူတို့ ကိုသင်စကားပြောကြည့်ခဲ့ ဖူးပါသလား???
ပြောဖူးသူတိုင်းသိမှာပါ…လူတွေသိသွားရင်တော့ သင့်ကိုရူးတယ်လို့ ပြောချင်ပြောလိမ့်မယ်…
ဒါပေမဲ့ သူကလူတွေထက်နှုတ်လုံတယ်ဗျ……………………
အဲလိုရူးတယ်လို့ ပြောတဲ့ သူတွေကထွက်ပေါက်မရှိပဲပိတ်လှောင်နေတဲ့ သူတွေ…ကြယ်တွေနဲ့ စကားမပြောနိုင်လောက်အောင် စိတ်ပင်ပန်းလူပင်ပန်းဖြစ်နေတဲ့ သူတွေအများစုဖြစ်နေနိုင်တယ်…
ကြယ်ကလေးတွေကိုပုံဖော်ကြည့်ပါ…သူသတို့ ဟာမပြောင်းလဲပဲအမြဲတမ်းကြယ်စုတစ်စုအဖြစ်ရှိနေလိမ့်မယ်…
ကြယ်လေးတိုင်းမှာနာမည်ရှိတယ်ဗျ…လူတွေလိုပဲပေါ့…ပြီးတော့ သမိုင်းကြောင်းလဲရှိနေတယ်…
နတ်ဒေ၀ါတွေကလူတွေရဲ့ ရာသီခွင်တွေကိုကောင်းကင်မှာကြယ်စုလေးတွေနဲ့ ပုံဖော်ပေးခဲ့ ကြတယ်…
ကွှန်တော်တို့ နေထိုင်တဲ့ စကြာဝဠာကြီးထဲမှာကြယ်စင်ပေါင်း(2000000)နှစ်သန်းကျော်လောက်ရှိတယ်တဲ့ …
မထူးဆန်းလွန်းဘူးလား…ဒါတောင်နဂါးငွေ့ တန်းလို့ ခေါ်တဲ့ ကြယ်စုတစ်စုထဲမှာပဲရှိနေတာနော်….
စကြာဝဠာကြီးတစ်ခုလုံးသာဆိုဘယ်သူမှမေ၇မတွက်နိုင်ဘူး…
ဓူဝံကြယ်၊ကြယ်တံခွန်၊ခုနှစ်စဉ်ကြယ်တို့ ကိုလူတိုင်းသိကြမှာပါ…ခွန်စံလောနဲ့ နန်းဦးပြင်ကတော့ ကွှန်တော်တို့ ရဲ့ အိပ်ယာဝင်ပုံပြင်တစ်ပုဒ်ပေါ့…အခုထိရှမ်းပြည်နယ်ဘက်မှာသူတို့ ရဲ့ အုပ်ဂူတွေရှိနေသေးတယ်လို့ ကျွန်တော်ကြားသိခဲ့ ရတယ်…ဘယ်လောက်အံသြစရာကောင်းလိုက်လဲလို့ …ဒီလိုပဲအချစ်နတ်သမီးလို့ တင်စားခေါ်ဝေါတဲ့ venus(သောကြာ)ကြယ်ပေါ့ဒီကြယ်လေးမှာလဲဝမ်းနည်းစရာဇတ်လမ်းလေးတွေရှိနေပြန်ပါသေးတယ်…
ဝီစကီ သားချော့တေး
သူ့ရင်ခွင်ကို စုံကန်ပြီး သူမအဝေးကိုထွက်သွားခဲ့တယ်.
သန်းခေါင်ယံညရဲ့ လောင်မြိုက်နေတဲ့ ဆေးလိပ်တိုလေးလိုပေါ့.
သူမဟာ သူ့ရဲ့ ရင်ထဲမှာ ဒဏ်ရာတွေ ပေးခဲ့တယ်.
သူ့ဘ၀ တစ်လျှောက်လုံး သူမကိုမေ့ဖျောက်ဘို့ ကြိုးစားခဲ့တယ်..
ဝီစကီသာ သူ့အတွက် အဖေါ်မွန်အဖြစ်နဲ့ သူမကို မေ့ဖျောက်စေခဲ့တယ်.
တဖြေးဖြေးချင်းစီ သောက်ရင်း သူမကို သူ့ရင်ထဲက တစ်စချင်းစီထုတ်ယူနေခဲ့တယ်.
သူမကို သိတဲ့ အသိစိတ်လေးပျောက်ကွယ်သွားတဲ့ အထိဆက်သောက်ရင်း
နောက်ဆုံးမှာ ၀ီစကီက သူမနဲ့ပါတ်သတ်ခဲ့သမျှ မေ့သွားစေခဲ့တယ်..
ဘ၀ဆိုတာ တိုတိုလေးပါပဲ. ဒါပေမဲ့ သူ့အတွက်တော့ ဒီအချိန်တွေက အရမ်းကြာရှည်လွန်းနေလေရဲ့.
သူမကိုမေ့ဖျောက်နိုင်ဘို့ သူအချိန်တိုင်းမူးလို့နေရတယ်.။
သူ့ကိုကျွန်တော်တို့ ပြန်တွေ့ရချိန်မှာတော့
သူ့ခေါင်းအုံးပေါ်မျက်နှာအပ်ထားရင်း.
သူမကို သူ့သက်ဆုံးတိုင်ချစ်ပါတယ်လို့ ရေရွတ်နေတယ်.
သူ့ရဲ့နောက်ဆုံး ထွက်သက်လေးပျောက်ပျယ်သွားတဲ့အထိပေါ့.။
ကျွန်တော်တို့ သူ့ကို သစ်ပင်ကြီးတစ်ပင်အောက်မှာ ထာဝရ အိပ်စက်ခွင့်ပေးလိုက်ချိန်မှာ
နတ်သမီးတွေဟာ သူ့အတွက် ၀ီစကီ သားချော့တေးတစ်ပုဒ်ကို ဆိုညဉ်းပေးကြတယ်.။
ပြောစမှတ်လေးကျန်ရစ်ခဲ့တယ်.
ဒါပေမဲ့ သူမ ကိုယ်တိုင် ဘယ်လောက် နာကြင် ယူကြုံးမရဖြစ်နေတာ ဘယ်သူမှ မသိကြဘူး.။
တစ်နှစ်ပြီးတစ်နှစ်ကုန်ဆုံးသွားတယ်.
ဝီစကီ ကိုသူမ အဖေါ်ပြုရင်းနဲ့ပေါ့.
နာကျင်မှု့တွေ တငွေ့ငွေ့နဲ့ပျောက်ကွယ်သွားအောင် ၀ီစကီလေးနဲ့ အဖေါ်ပြုနေခဲ့တယ်.။
နောက်ဆုံးမှာ သူ့ရဲ့ ပုံရိပ်လေးပျယ်လွင့်သွားခဲ့ပြီး သူမဘာမှမသိလိုက်တော့ဘူး.။
သူ့ရဲ့ဓါတ်ပုံလေးကို ဆုပ်ကိုင်ရင်း လောကကြီးထဲက ထွက်သွားခဲ့တယ်။
ကျွန်တော်တို့ဟာ သူမကို သူ့ရဲ့ဘေးမှာ ထာဝရအိပ်စက်စေခဲ့တယ်.
တစ်ချိန်တည်းမှာ နတ်သမီးလေးတွေဟာ သူမအတွက်.
ဝီစကီ သားချော့တေးလေးတစ်ပုဒ်ကို ဆိုညဉ်းပေးကြလေရဲ့...။
Friday, February 3, 2012
သင့် အနာဂတ်ကို ခန့်မှန်းနည်း
ဖိုးစည်က အမြဲတမ်း သိချင်နေလေ့ရှိတယ်။
‘ ငါ့ရဲ့ အနာဂတ်က ဘယ်လိုလဲ ’ ‘ ငါ့ရဲ့အနာဂတ်မှာ ဘာတွေဖြစ်လာမလဲ’
သူက သူ့အဖေပြောတာကို အမှတ်ရမိတယ်။ ‘ မင်းလုပ်နိုင်တာကတော့ အကောင်းဆုံးကို မျှော်လင့်ဖို့ပဲ ’ ။ ဒီတော့ ဖိုးစည်က မျှော်လင့်ပြီးရင်း မျှော်လင့်နေတယ်။
‘ ငါ့ရဲ့ လခတွေ အများကြီးတိုးရဖို့ ငါ မျှော်လင့်တယ် ။ လူတွေ ငါ့အပေါ် ပိုပြီး ကောင်းလာဖို့ ငါမျှော်လင့်တယ်။ ငါ့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တဟုန်ထိုး တိုးတက်လာဖို့ ငါမျှော်လင့်တယ်။ ဒါဆို ငါ အလုပ်ကနေ အနားယူလို့ရပြီ။ ပြီးတော့ ငါ ထီပေါက်ဖို့လည်း မျှော်လင့်တယ် ’
ဒီလိုမျိုး မျှော်လင့်ရင်းနဲ့ တစ်နှစ်ကြာလာခဲ့ပါတယ်။ဖိုးစည်အတွက် ဘာမှ ပြောင်းလဲမလာပါဘူး။
သူ တီဗွီကြည့်နေတုန်း တီဗွီကနေ တစ်ယောက်ယောက် ပြောတာကို ကြားလိုက်ရတယ်။ “ ကျနော်တို့ဟာ အတိတ်ကို အမှတ်ရဖို့လိုတယ်။ ဒါမှ အနာဂတ်မှာ ဒါမျိုးကိစ္စတွေ ထပ်မဖြစ်မှာ ”
ဒီတော့ အတိတ်က သူ့ရဲ့အမှားတွေကို သူ ပြန်စဉ်းစားကြည့်တယ်။ ပြီးတော့ အဲဒါတွေကို နောက်တစ်ခါ ထပ်မလုပ်ဖို့ သူ့ကိုယ်သူ လေးလေးနက်နက် ကတိပေးလိုက်တယ်။ သူဟာ အတိတ်က အမှားတွေကို ထပ်မဖြစ်အောင် တစ်နှစ်လောက် ဂရုတစိုက် ရှောင်ရှားတယ်။ ဖိုးစည်အတွက် ဘာမှ တိုးတက်မလာပါဘူး။
ဖိုးစည်ဟာ ကံကြမ္မာအကြောင်းကို အင်တာနက်မှာ ရှာကြည့်တယ်။ ‘ အနာဂတ်မှာ ဘာတွေဖြစ်လာမယ်ဆိုတာ ကြိုတင်သတ်မှတ်ထားပြီးသားဖြစ်တယ်။ သင် ဘာမှ မတတ်နိုင်ဘူး ’
ဒီတော့ သူ မှတ်ချက်ချလိုက်တယ်။ ‘ အနာဂတ်မှာ ဘာတွေဖြစ်လာမယ်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ စောင့်ကြည့်ရုံပဲ ရှိတယ် ’
သူ့ရဲ့အနာဂတ်က သူ့ရဲ့အတိတ်နဲ့ရော ပစ္စုပ္ပန်နဲ့ပါ အတူတူပါပဲ။ သူဟာ ဘ၀ရဲ့ ပွဲကြည့်ပရိသတ်မျှသာပါပဲ။
အနာဂတ်ကို ကြည့်ခြင်း
အကယ်၍ သင်ဟာ မှော်ဖန်လုံးတစ်လုံးနဲ့ အနာဂတ် နှစ်တစ်ရာကို ကြည့်နိုင်မယ်ဆိုရင် ဘယ်သူက ရည်မှန်းချက်အကြီးဆုံးလဲဆိုတာ တွေ့ပါလိမ့်မယ်။
အလွန်အံ့သြစရာကောင်းလှတဲ့ ကွန်ပျူတာတွေ၊ စက်ရုပ်တွေနဲ့ အာကာသခရီးစဉ်တွေရှိတဲ့ အာကာသခေတ်ကို ကြည့်မယ်ဆိုရင် သိပ္ပံပညာရှင်တွေ၊ အင်ဂျင်နီယာတွေနဲ့ အဆင့်မြင့် နည်းပညာရှင်တွေဟာ ရည်မှန်းချက်အကြီးမားဆုံးဆိုတာကို တွေ့ရလိမ့်မယ်။
အကယ်၍ ချမ်းသာကြွယ်ဝမှုဟာ အားလုံးအတွက် ဖြစ်နိုင်ချေရှိတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို ကြည့်မယ်ဆိုရင် တော့ စွန့်ဦးတီထွင်သူတွေ၊ စီမံခန့်ခွဲမှုပညာရှင်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဟာ ရည်မှန်းချက်အကြီးမားဆုံးဆိုတာကို သိရလိမ့်မယ်။
စစ်ပွဲတွေဖြစ်ပြီး လူတွေအများကြီး သေကြေကြတဲ့ ကမ္ဘာကြီးကို ကြည့်မယ်ဆိုရင်တော့ လက်နက်ရောင်းသူတွေ၊ အကြမ်းဖက်သမားတွေနဲ့ နိုင်ငံရေးသမားတွေဟာ ရည်မှန်းချက်အကြီးမားဆုံးဆိုတာကို တွေ့ရလိမ့်မယ်။
ဒါကြောင့် သင့်ဟာ အခုလက်ရှိမှာ ဘယ်သူက ဇွဲကြီးသလဲ၊ ပြင်းပြထက်သန်တဲ့စိတ် ရှိသလဲ၊ လေးနက်တဲ့ ခံယူချက် ရှိသလဲ ဆိုတာကို ကြည့်ခြင်းအားဖြင့် အနာဂတ်ကို မြင်နိုင်ပါတယ်။
လူတွေမှာ ခိုင်မာတဲ့ ရည်မှန်းချက်တစ်ခုရှိလာအောင် ဘယ်အရာက ပြုလုပ်ပေးသလဲ။
သင်ဟာ ပွဲကြည့်ပရိသတ်လား၊ ကစားသမားလား ?
ရည်မှန်းချက်တွေ ချမှတ်ခြင်းအားဖြင့် သင်ဟာ သင့်ရဲ့အနာဂတ်ကို ခန့်မှန်းနိုင်ပါတယ်၊ ထိန်းချုပ်နိုင်ပါတယ်။ သင်ဟာ သင့်အနာဂတ်မြေပုံကို ရေးဆွဲသူဖြစ်ပါတယ်။ သင်ဟာ ဘ၀ကို ဘေးကနေ ရပ်ကြည့်မနေဘူး၊ ဘ၀ရဲ့ ကစားပွဲမှာ ၀င်ကစားတယ်။ ဒါဆို သင် အနိုင်ရပြီပေါ့။
‘ လူတစ်ယောက်မှာ အိပ်မက်တွေ ရှိတယ်ဆိုရင်၊ လူတစ်ယောက်မှာ ရည်မှန်းချက်တွေ ရှိတယ်ဆိုရင်၊ သူဟာ ပျော်ရွှင်နိုင်တယ်၊ ပြီးတော့ ရှင်သန်နိုင်တယ်။ အကယ်၍ ရည်မှန်းချက်တွေ မရှိဘူးဆိုရင် သူ့မှာ အနာဂတ်ဆိုတာတောင် မရှိတော့ပါဘူး ’
ဘ၀ဆိုတာ ကွင်းပြင်ကြီးနဲ့ တူပါတယ်။ အဲဒီကွင်းပြင်ကြီးမှာ ကစားသမားတစ်ယောက်မှ မရှိသေးပါဘူး။ သင် အဲဒီကို ပြေးသွားနိုင်တယ်။ ကစားပွဲတစ်ခုကို စတင်နိုင်တယ်။ စည်းမျဉ်းတွေကိုတောင် တီထွင်နိုင်ပါတယ်။
ကဲ… သင့်ရဲ့အနာဂတ်ကို သင် ဘယ်လိုခန့်မှန်းပါသလဲ ?
Saturday, January 21, 2012
အတိတ်ရဲ့အရိပ် အိမ်မက်များစွာ....
ကျဆုံးခြင်းတဲ့လား ၊ ဘ၀တစ်ခု အဖန်အဖန်သေဆုံးခဲ့ပြီးတာတောင် ၊
နောက်ထပ် သေဆုံးဖို့ အရိပ်မည်းမည်းတွေက စောင့်ကြိုနေကြ ။
မင်း ပျှော်ရွှင်နေလား ။ အစစ်အမှန်ပျှော်ရွှင်ခြင်းတွေရော ဟုတ်ရဲ့လား ။ ကျဆုံးခဲ့ပေါင်းများပါပြီ....။အရေထူနေပါပြီ ။
နောက်တဖန်ကျဆုံးဖို့ရာလည်း အဆင်သင့်ဖြစ်နေပါပြီ ။
စိတ် ပြူတင်းတံခါးတွေ ပိတ်ထားဆဲ ။
မင်းမရိုက်ချိုးခင်ကတည်းက
ငါ့ခြေထောက်တွေ ငါရိုက်ချိုးခဲ့ပြီးသားပါ ။
မသိခြင်းတွေရဲ့ အနက်ရှိုင်းဆုံးနေရာကို
ငါ့ဝိဥာဉ်ကိုမောင်းနှင်နေတယ် ။
အမှောင်တွေကို အမှောင်စစ်စစ်ဖြစ်ဖို့ရာ
ငါ့နံရံတွေကို ဆေးအမည်းရောင် သုတ်နေတယ် ။
မနက်ဖြန်မှာ တွေ့ရဦးမယ့် အပြုံးအတုတွေအတွက် ၊
အဓိပ္ပါယ်မဲ့နုတ်ဆက်သံတွေအတွက် အတ္တတစ်ခု တပ်ဆင်နေတယ် ။
ရာစုတွေ ပြည့်ဖုံးကားချသွားလည်း အဆိပ်တွေရောင်ပြန်နေခဲ့ ၊
အိမ်မက်ဆိုးတွေသာ ဆုလဒ်အဖြစ်ကျန်ရှိ ။
ကျေနပ်ပါတယ် ။
မင်းမရှိတဲ့ကောင်းကင်မှာ ငါ့ရဲ့ထိတ်လန့်မှု့တွေကို ယမကာတွေနဲ့ရောစပ်
ဆေးတစ်စက်စက်ကျနေဆဲပါလေ ။
လက်တံတွေ ရပ်နေတဲ့နာရီပျက်တစ်လုံးလို ငါ့ရဲ့အတိတ်တွေ ပစ္စုပန်မှာ ရပ်နေဆဲပါပဲ ။
မင်းကြုံးဝါးခဲ့ဖူးတဲ့ အမှတ်တမဲ့တွေကို ငါအမှတ်တရရှိဆဲပါ ။
ခြောက်ခန်းသွားမယ့် အလှတရားတွေနဲ့ ဘ၀ကို ငွေတွေထဲမှာနစ်မြှပ်
မင်းဟာ နတ်ဆိုးတစ်ကောင်ဖြစ်ခဲ့ ။
မနုတ်ဆက်လိုက်ပါနဲ့ မင်းနုတ်ဆက်မသွားပါနဲ့ကွယ် ။
။ပြာလဲ့လဲ့ကောင်းကင်ကြီးရဲ့အလှကိုငါတစ်ယောက်တည်း မကြည့်ချင်ဘူး ။
မင်းရဲ့ပုံရိပ်ဆန်ဆန်အနည်ထိုင်ခြင်းတွေကို
ဆေးတစ်ခွက်လောက် တိုက်ချင်သေးတယ် ။
အောက်မေ့ဘွယ် စကားလုံးတွေနဲ့
သံသရာ ကြီးကို စိုက်ပျိုးနေသမျှ ငါတို့မျက်ရည်ကျရဦးမှာပေါ့ ။
မင်းညည်းတွားခဲ့တဲ့ တေးသီချင်းတွေလိုပါပဲ
ငါတို့ဘ၀ဟာ အဆံမဲ့နေခဲ့ ။
ရူးသွပ်ခြင်းရဲ့အဓိပ္ပါယ်ကိုရှာဖွေဘို့ ငါရူးသွပ်ရဦးမယ် ။
ပြီးတော့ အသိခေါက်ခက်အ၀င်နက်တယ်ပဲပြောပြော
ငါ့ကိုယ်ငါပြန်လည်ရှာဖွေရဦးမယ် ။
မင်းမရှိတော့တဲ့ ငါ့ရဲ့နံဘေးမှာ မင်းပုံရိပ်တွေရေးဆွဲ
ငါ့ကောက်ကြောင်းတွေ သော့ဖွင့်ထားတုန်းပါပဲ ။
ငါတောင်းပန်ပါတယ်ကွာ ၊ငါ့ကိုမနုတ်ဆက်လိုက်ပါနဲ့ ။
မင်းလိုချင်တဲ့ ငွေကြေးတွေအတွက်
ငါ့ဘ၀ကို ပုံသေခွက်ထဲ ထည့်ထားတယ်ဆိုတာကိုလည်း
မင်းကိုသိစေချင်နေတယ်လေ ။
အိမ်မက်ဆိုးတွေခြောက်လှန့်နေတုန်းပါပဲ ၊
ပျှော်ရွှင်စရာအိမ်မက်တွေလည်း အစာငတ်ခဲ့တာကြာပေါ့...ကြာပေါ့ ။
မင်းငါ့ကို သတိရတဲ့အခါ...အရင်လို ဟားတိုက်ရယ်လိုက်ပါ ၊
မင်းရဲ့လှောင်ရယ်ခြင်းတွေအောက် ငါကျဆုံးပေးပါ့မယ် ။
လိုအပ်တိုင်းပေါ့ ၊
ငါ့ကိုတော့ အပြီးပိုင် နုတ်ဆက်မသွားပါနဲ့ကွယ် ၊
နုတ်ဆက်မသွားပါနဲ့ ...............ရယ် ။ ။
နောက်ထပ် သေဆုံးဖို့ အရိပ်မည်းမည်းတွေက စောင့်ကြိုနေကြ ။
မင်း ပျှော်ရွှင်နေလား ။ အစစ်အမှန်ပျှော်ရွှင်ခြင်းတွေရော ဟုတ်ရဲ့လား ။ ကျဆုံးခဲ့ပေါင်းများပါပြီ....။အရေထူနေပါပြီ ။
နောက်တဖန်ကျဆုံးဖို့ရာလည်း အဆင်သင့်ဖြစ်နေပါပြီ ။
စိတ် ပြူတင်းတံခါးတွေ ပိတ်ထားဆဲ ။
မင်းမရိုက်ချိုးခင်ကတည်းက
ငါ့ခြေထောက်တွေ ငါရိုက်ချိုးခဲ့ပြီးသားပါ ။
မသိခြင်းတွေရဲ့ အနက်ရှိုင်းဆုံးနေရာကို
ငါ့ဝိဥာဉ်ကိုမောင်းနှင်နေတယ် ။
အမှောင်တွေကို အမှောင်စစ်စစ်ဖြစ်ဖို့ရာ
ငါ့နံရံတွေကို ဆေးအမည်းရောင် သုတ်နေတယ် ။
မနက်ဖြန်မှာ တွေ့ရဦးမယ့် အပြုံးအတုတွေအတွက် ၊
အဓိပ္ပါယ်မဲ့နုတ်ဆက်သံတွေအတွက် အတ္တတစ်ခု တပ်ဆင်နေတယ် ။
ရာစုတွေ ပြည့်ဖုံးကားချသွားလည်း အဆိပ်တွေရောင်ပြန်နေခဲ့ ၊
အိမ်မက်ဆိုးတွေသာ ဆုလဒ်အဖြစ်ကျန်ရှိ ။
ကျေနပ်ပါတယ် ။
မင်းမရှိတဲ့ကောင်းကင်မှာ ငါ့ရဲ့ထိတ်လန့်မှု့တွေကို ယမကာတွေနဲ့ရောစပ်
ဆေးတစ်စက်စက်ကျနေဆဲပါလေ ။
လက်တံတွေ ရပ်နေတဲ့နာရီပျက်တစ်လုံးလို ငါ့ရဲ့အတိတ်တွေ ပစ္စုပန်မှာ ရပ်နေဆဲပါပဲ ။
မင်းကြုံးဝါးခဲ့ဖူးတဲ့ အမှတ်တမဲ့တွေကို ငါအမှတ်တရရှိဆဲပါ ။
ခြောက်ခန်းသွားမယ့် အလှတရားတွေနဲ့ ဘ၀ကို ငွေတွေထဲမှာနစ်မြှပ်
မင်းဟာ နတ်ဆိုးတစ်ကောင်ဖြစ်ခဲ့ ။
မနုတ်ဆက်လိုက်ပါနဲ့ မင်းနုတ်ဆက်မသွားပါနဲ့ကွယ် ။
။ပြာလဲ့လဲ့ကောင်းကင်ကြီးရဲ့အလှကိုငါတစ်ယောက်တည်း မကြည့်ချင်ဘူး ။
မင်းရဲ့ပုံရိပ်ဆန်ဆန်အနည်ထိုင်ခြင်းတွေကို
ဆေးတစ်ခွက်လောက် တိုက်ချင်သေးတယ် ။
အောက်မေ့ဘွယ် စကားလုံးတွေနဲ့
သံသရာ ကြီးကို စိုက်ပျိုးနေသမျှ ငါတို့မျက်ရည်ကျရဦးမှာပေါ့ ။
မင်းညည်းတွားခဲ့တဲ့ တေးသီချင်းတွေလိုပါပဲ
ငါတို့ဘ၀ဟာ အဆံမဲ့နေခဲ့ ။
ရူးသွပ်ခြင်းရဲ့အဓိပ္ပါယ်ကိုရှာဖွေဘို့ ငါရူးသွပ်ရဦးမယ် ။
ပြီးတော့ အသိခေါက်ခက်အ၀င်နက်တယ်ပဲပြောပြော
ငါ့ကိုယ်ငါပြန်လည်ရှာဖွေရဦးမယ် ။
မင်းမရှိတော့တဲ့ ငါ့ရဲ့နံဘေးမှာ မင်းပုံရိပ်တွေရေးဆွဲ
ငါ့ကောက်ကြောင်းတွေ သော့ဖွင့်ထားတုန်းပါပဲ ။
ငါတောင်းပန်ပါတယ်ကွာ ၊ငါ့ကိုမနုတ်ဆက်လိုက်ပါနဲ့ ။
မင်းလိုချင်တဲ့ ငွေကြေးတွေအတွက်
ငါ့ဘ၀ကို ပုံသေခွက်ထဲ ထည့်ထားတယ်ဆိုတာကိုလည်း
မင်းကိုသိစေချင်နေတယ်လေ ။
အိမ်မက်ဆိုးတွေခြောက်လှန့်နေတုန်းပါပဲ ၊
ပျှော်ရွှင်စရာအိမ်မက်တွေလည်း အစာငတ်ခဲ့တာကြာပေါ့...ကြာပေါ့ ။
မင်းငါ့ကို သတိရတဲ့အခါ...အရင်လို ဟားတိုက်ရယ်လိုက်ပါ ၊
မင်းရဲ့လှောင်ရယ်ခြင်းတွေအောက် ငါကျဆုံးပေးပါ့မယ် ။
လိုအပ်တိုင်းပေါ့ ၊
ငါ့ကိုတော့ အပြီးပိုင် နုတ်ဆက်မသွားပါနဲ့ကွယ် ၊
နုတ်ဆက်မသွားပါနဲ့ ...............ရယ် ။ ။
အတောင်ကျွတ်ငှက်
အဲ့ဒီ့အိပ်မက်တွေမှာ....
မိုးမျှော်တောင်တို့ရဲ့အထ္ထုပ္ပတိ တွေပါတယ်။
စားနေကျ ကန်းဇွန်းပလိန်းတွေပါတယ်။
အသားမာတက်နေတဲ့ ဘ၀ခါးခါးတွေပါတယ်။
စည်းချက်ကျကျ ဆာလောင်သံတွေပါတယ်။
အတက်အဆင်း အိပ်မက်တွေနဲ့
ကောင်းကင်ခြေသံတွေမှာ ပြင်ဆင်ခွင့်တွေမရခဲ့။
အဲ့ဒီ့ အညတရမှာ.....
ချွတ်ချော်မှု့တွေက ဆောင်းတွင်းအိပ်မက်လို
ဂယောက်ဂယက်၊
မျက်မြင်ကိုယ်တွေ့ အော်ဂလီဆန်မှု့တွေနဲ့
ဘ၀ကို ရာသီ တစ်ပါတ် ပက်ပြေးခိုင်းရပြန်တယ်။
ရပ်နေတဲ့ နာရီပျက်တစ်လုံးလို...
ခြေထောက်တွေက ဘယ်လိုလျှောက်လျှောက်
ဘ၀တစ်ခုကတော့ ခုထိ ရပ်နေတုန်း။
မနေ့က ခြေရာတွေ ခုထိ.....။
အဲ့ဒီ့အိပ်မက်တွေမှာ.....
မနေ့က ခြေရာတွေလည်း ပါတယ်။
မနက်ဖြန်အတွေး
နှစ်လိုရာနှစ် အတောင်ပံတွေရေစို
ရယ်မောခြင်းတွေ ပျံသန်းမဲ့ခဲ့။
အဲ့ဒီ့မျက်နှာလေးပါပဲ...
ဟုတ်တယ်-အဲ့ဒီ့မျက်နှာလေးနဲ့
သူမ ကျွန်တော့်ကိုသိမ်းသွင်းခဲ့။
မာယာမဲ့ နုတ်ခမ်းတစ်စုံက
အရှိကို အရှိအတိုင်းလုပ်သွားတယ်။
သူမ-ဟန်မဆောင်ခဲ့ပါဘူး။
ထိချက်ပြင်းတယ်...
ရေစိုတောင်ပံတွေ ဘယ်တော့ခြောက်ပ၊
ပျံသန်းနိုင်မယ့်နေ့တွေ စောင့်စား၊
ဒဲ့ဝင်လာတဲ့ လောက်စာတစ်လုံးကို
ခေါင်းနဲ့ခံတိုက်ခဲ့-ကျွန်တော် ဆာသူငယ်။
မနက်ဖြန်ပေါင်းများစွာအတွက်
ဘယ်လိုကြေကွဲခြင်းတွေနဲ့
အတောင်ပံအသစ်တွေချုပ်လုပ်ရပ၊ ။
နှစ်လိုရာနှစ် အတောင်ပံတွေ
ရေထဲ စုံးစုံးမြုပ်......
အဲ့ဒီ့မျက်နှာလေးကြောင့်ပါပဲ...
ဟုတ်တယ်-အဲ့ဒီ့မျက်နှာလေးကြောင့်ပါပဲ။ ။
ရယ်မောခြင်းတွေ ပျံသန်းမဲ့ခဲ့။
အဲ့ဒီ့မျက်နှာလေးပါပဲ...
ဟုတ်တယ်-အဲ့ဒီ့မျက်နှာလေးနဲ့
သူမ ကျွန်တော့်ကိုသိမ်းသွင်းခဲ့။
မာယာမဲ့ နုတ်ခမ်းတစ်စုံက
အရှိကို အရှိအတိုင်းလုပ်သွားတယ်။
သူမ-ဟန်မဆောင်ခဲ့ပါဘူး။
ထိချက်ပြင်းတယ်...
ရေစိုတောင်ပံတွေ ဘယ်တော့ခြောက်ပ၊
ပျံသန်းနိုင်မယ့်နေ့တွေ စောင့်စား၊
ဒဲ့ဝင်လာတဲ့ လောက်စာတစ်လုံးကို
ခေါင်းနဲ့ခံတိုက်ခဲ့-ကျွန်တော် ဆာသူငယ်။
မနက်ဖြန်ပေါင်းများစွာအတွက်
ဘယ်လိုကြေကွဲခြင်းတွေနဲ့
အတောင်ပံအသစ်တွေချုပ်လုပ်ရပ၊ ။
နှစ်လိုရာနှစ် အတောင်ပံတွေ
ရေထဲ စုံးစုံးမြုပ်......
အဲ့ဒီ့မျက်နှာလေးကြောင့်ပါပဲ...
ဟုတ်တယ်-အဲ့ဒီ့မျက်နှာလေးကြောင့်ပါပဲ။ ။
Thursday, January 19, 2012
အရောင်ဆိုးစိမ်းလန်းခြင်းများ
နေရာဒေသ တစ်ခုရဲ့
တစ်ဝမ်း တစ်ခါးမှာ
ကောက်ကျစ်စဉ်းလဲမှု့တွေ
မျိုးပွားနေတုန်း
အတိတ်က အဖြူရောင်လေး
ခါးသက်သွားတယ် ။
ကမန်းကတန်း ဆူညံမှု့ တွေက
ကမန်းကတန်း ဆူညံမှု့ တွေက
မှားယွင်းမှု့ များစွာ ရဲ့
အခြေခံ လေလား ။
မတော်တဆ လောင်ကျွမ်းသွားတဲ့
မတော်တဆ လောင်ကျွမ်းသွားတဲ့
အဲ့ဒီ ဝေရာဝစ္စ တွေထဲမှာ
ကိုယ်အတ္တ တွေပါ နေတယ် ဆိုယုံလေးပါ
မေ့လျော့ခြင်း ရဲ့နောက်ကွယ်မှာ
မေ့လျော့ခြင်း ရဲ့နောက်ကွယ်မှာ
ဆံပင်တွေဖြူခဲ့တာ ဘာဆိုင်လဲ၊
မျက်ခုံးမွှေးပေါ်က ခြေထောက်တွေကတော့
မျက်ခုံးမွှေးပေါ်က ခြေထောက်တွေကတော့
မထေမဲ့မြင်ပန်းပွင့်တွေကျဲချလို့၊
အိပ်ပျော်သွားတဲ့ အရက်တစ်ခွက်မှာတော့
ဆွေးမြေ့ မှူ့တွေ အနည်ထိုင်သွားခဲ့တယ် ။
တက်ကြွခြင်း ဆိုတာ
တက်ကြွခြင်း ဆိုတာ
အတိတ်ကတကယ်ရှိခဲ့ရဲ့လား
အသေအချာ မစဉ်းစားတော့ပါဘူး ။
မိုးရွာ ပြီးစ စိမ်းလန်း စိုပြေတာထက်
သာယာတဲ့အနမ်းတစ်ခုလောက်ပဲ
ငါ အမှန်တကယ် လိုချင်ခဲ့ပါတယ်၊
ဒါမှမဟုတ် ပေးအပ်ချင်ပါတယ်။
ပျက်ဆီးသွားတဲ့မုန်တိုင်းတစ်တစ်ခုထဲက
နိုးထခွင့် ပေးပါ။
မင်းမာယာတွေ ပြီးဆုံးပြီးနောက်။ ။
ခြေရာ
ထားခဲ့ပါ....
မင်းရဲ့ မသေခြင်းကဗျာတွေထဲ...
နှလုံးသား အပဲ့လေးတစ်ခုနဲ့ ...
ယဉ်ကျေးပေးပါ့မယ်။
အလေးချိန်တွေ မတူညီလည်း...
မျဉ်းကြောင်းတွေ ဖြောင့်ဆဲ...
ငိုကြွေးခြင်းတွေ ငါ့ဘက်မှာပါ။
ထားခဲ့ပါ...
မင်းရဲ့စွန့်ကျဲခြင်းတွေထဲ...
တစ်အိအိပြိုလဲနေတဲ့ ဘ၀ကို ရေဆန်ထဲမျော....
ပန်းတွေပွင့်လန်းပေးပါ့မယ်။
အနိမ့်အမြင့်တွေ မတူညီလည်း....
တစ်နေရာတည်းကိုတော့..
ငါတို့တူညီစွာနဲ့ ရောက်ကြမှာပါ။
ထားခဲ့ပါ...
မင်းရဲ့နောက်စံတင်း ကဗျာတွေထဲ....
ငါ ပန်းပင်တွေစိုက်ပျိုးပေးပါ့မယ်။
ပြီးတော့ ငါမင်းနောက်လိုက်ခဲ့ပါမယ်။
ထားခဲ့ပါ....
မင်းရဲ့ကဗျာတွေ ကျန်ရှိနေဦးမှာပါ။
မင်းရဲ့ မသေခြင်းကဗျာတွေထဲ...
နှလုံးသား အပဲ့လေးတစ်ခုနဲ့ ...
ယဉ်ကျေးပေးပါ့မယ်။
အလေးချိန်တွေ မတူညီလည်း...
မျဉ်းကြောင်းတွေ ဖြောင့်ဆဲ...
ငိုကြွေးခြင်းတွေ ငါ့ဘက်မှာပါ။
ထားခဲ့ပါ...
မင်းရဲ့စွန့်ကျဲခြင်းတွေထဲ...
တစ်အိအိပြိုလဲနေတဲ့ ဘ၀ကို ရေဆန်ထဲမျော....
ပန်းတွေပွင့်လန်းပေးပါ့မယ်။
အနိမ့်အမြင့်တွေ မတူညီလည်း....
တစ်နေရာတည်းကိုတော့..
ငါတို့တူညီစွာနဲ့ ရောက်ကြမှာပါ။
ထားခဲ့ပါ...
မင်းရဲ့နောက်စံတင်း ကဗျာတွေထဲ....
ငါ ပန်းပင်တွေစိုက်ပျိုးပေးပါ့မယ်။
ပြီးတော့ ငါမင်းနောက်လိုက်ခဲ့ပါမယ်။
ထားခဲ့ပါ....
မင်းရဲ့ကဗျာတွေ ကျန်ရှိနေဦးမှာပါ။
ငါ့ခြေလှမ်းအစ
ငါ့ရင်ထဲမှာ....
အိုင်ယာလန်က-ရှေးမာစ်ဟေနီ ရှိတယ်....
စကော့တလန်က-ဒါ့ဂလာစ်ဒန်း ရှိတယ်....
ချက်က-ဟောလုဗ်(မီရောဆလာဗ့်ဟောလုဗ်)ရှိတယ်....
ယူဂိုဆလပ်က-ပိုပါ ရှိတယ်...
ပိုလန်က -ဟားဗတ်(ဇဗစ်ဂညူးဟားဗတ်)ရှိတယ်.....
မြန်မာ က-အောင်ဝေး၊၀ိုင်ချို၊မင်းခိုက်စိုးစံ တို့ရှိတယ်....။
ခု...သူတို့ရဲ့သွေးသားတွေနဲ့...
ငါ့ရင်ထဲက နှလုံးသားကိုဆေးကြောနေတယ်။
ငါ့ရဲ့ကဗျာကောင်းကင်ထဲမှာ...
သူတို့ရဲ့ အငွေ့အသက်တွေ ပျံသန်းနေကြတယ်။
ငါ့ရဲ့သွေးကြောထဲမှာ...
သူတို့ရဲ့ အတွေးတွေ စီးဆင်းနေကြတယ်။
ငါ့ရဲ့ ကဗျာ နိမ့်နိမ့်တွေထဲမှာ...
သူတို့ရဲ့ သြ၀ါဒတွေ ဖုန်းလွှမ်းနေကြတယ်။
အသံတွေ...အသံတွေကြားနေရတယ်...
မဟာတံတိုင်းကြီးကို သူတို့ကျော်ခွလာနေကြတယ်...
ပဲရစ်မျှော်စင်ကြီးကို သူတို့ကျော်ခွလာနေကြတယ်...
ပြီးတော့....အတားအဆီးတွေ၊
အမြင့်တကာ အမြင့်တွေကို သူတို့ကျော်ခွလာနေကြတယ်။
ငါဟာ..ခြောက်သွေ့သွေ့ကျောက်တုံးတစ်တုံးပေါ်မှာ...
ကပ်ငြိနေတဲ့ ငှက်တစ်ကောင်ရဲ့တောင်ပံတစ်ခုပါ...
ငါ့ရဲ့ မ၀ံ့မရဲ ကဗျာလေးတွေပေါ်မှာ..
သူတို့ ခြေမှုံစာတွေ......။
သူတို့ရဲ့ အရောင်တွေအောက်ကို
ငါတိုးဝင်နေတယ်။
ဆွံ့အ နေတဲ့ ငါ့ရဲ့မြေကြီးပေါ်မှာ..
ငါ့အရိုးတွေနဲ့...
ငါ ကဗျာတွေရေးနေတယ်...
ငါ့ရဲ့ခံစားချက်တိုင်းမှာ၊
ငါ မှတ်တိုင်တွေ စိုက်ထူနေတယ်....
ငါ...တစ်ပင်စာ။ ။
အိုင်ယာလန်က-ရှေးမာစ်ဟေနီ ရှိတယ်....
စကော့တလန်က-ဒါ့ဂလာစ်ဒန်း ရှိတယ်....
ချက်က-ဟောလုဗ်(မီရောဆလာဗ့်ဟောလုဗ်)ရှိတယ်....
ယူဂိုဆလပ်က-ပိုပါ ရှိတယ်...
ပိုလန်က -ဟားဗတ်(ဇဗစ်ဂညူးဟားဗတ်)ရှိတယ်.....
မြန်မာ က-အောင်ဝေး၊၀ိုင်ချို၊မင်းခိုက်စိုးစံ တို့ရှိတယ်....။
ခု...သူတို့ရဲ့သွေးသားတွေနဲ့...
ငါ့ရင်ထဲက နှလုံးသားကိုဆေးကြောနေတယ်။
ငါ့ရဲ့ကဗျာကောင်းကင်ထဲမှာ...
သူတို့ရဲ့ အငွေ့အသက်တွေ ပျံသန်းနေကြတယ်။
ငါ့ရဲ့သွေးကြောထဲမှာ...
သူတို့ရဲ့ အတွေးတွေ စီးဆင်းနေကြတယ်။
ငါ့ရဲ့ ကဗျာ နိမ့်နိမ့်တွေထဲမှာ...
သူတို့ရဲ့ သြ၀ါဒတွေ ဖုန်းလွှမ်းနေကြတယ်။
အသံတွေ...အသံတွေကြားနေရတယ်...
မဟာတံတိုင်းကြီးကို သူတို့ကျော်ခွလာနေကြတယ်...
ပဲရစ်မျှော်စင်ကြီးကို သူတို့ကျော်ခွလာနေကြတယ်...
ပြီးတော့....အတားအဆီးတွေ၊
အမြင့်တကာ အမြင့်တွေကို သူတို့ကျော်ခွလာနေကြတယ်။
ငါဟာ..ခြောက်သွေ့သွေ့ကျောက်တုံးတစ်တုံးပေါ်မှာ...
ကပ်ငြိနေတဲ့ ငှက်တစ်ကောင်ရဲ့တောင်ပံတစ်ခုပါ...
ငါ့ရဲ့ မ၀ံ့မရဲ ကဗျာလေးတွေပေါ်မှာ..
သူတို့ ခြေမှုံစာတွေ......။
သူတို့ရဲ့ အရောင်တွေအောက်ကို
ငါတိုးဝင်နေတယ်။
ဆွံ့အ နေတဲ့ ငါ့ရဲ့မြေကြီးပေါ်မှာ..
ငါ့အရိုးတွေနဲ့...
ငါ ကဗျာတွေရေးနေတယ်...
ငါ့ရဲ့ခံစားချက်တိုင်းမှာ၊
ငါ မှတ်တိုင်တွေ စိုက်ထူနေတယ်....
ငါ...တစ်ပင်စာ။ ။
ခေတ်ပေါ်မြန်မာကဗျာသစ်
ဒီနေ့မြန်မာကဗျာတွေကို ကြည့်ရင်း စီးကြောင်းသုံးသွယ်နဲ့စီးေ မျာနေတာ တွေ့ရပါတယ်။
(၁) ရှေးရိုးစဉ်လာကဗျာစီးကြောင်း(ဂန္ထ၀င်ကဗျာပုံသ ဏ္ဍာန်)
(၂) လွတ်လပ်ကာရန် ကဗျာစီးရေကြောင်း (တချို့က မိုးဝေကဗျာလို့ ဆိုကြပါတယ်။)
(၃) ဒီနေ့ ခေတ်ပေါ်မြန်မာကဗျာ သစ်စီးကြောင်း
စတာတွေဖြစ်ကြပါတယ်။ ဒီအထဲ နောက်ဆုံးဖြစ်ပေါ် တိုးတက်လာနေတဲ့ ခေတ်ပေါ်မြန်မာကဗျာသစ်ကိစ္စ ကိုပဲ ဦးတည်ပြောချင်ပါတယ်။
ခေတ်ပေါ်မြန်မာကဗျာသစ်ကို တချို့က 'မော်ဒန်' ကဗျာလို့ဆိုပြီး၊တချို့က ' ကာရန်မဲ့ကဗျာ ' လို့ဆိုကြ ပါတယ်။ Modern ဆိုတဲ့ စကားလုံးကို မြန်မာလို 'ခေတ်ပေါ်' လို့လည်း ပြန်ဆိုလို့ရပါတယ်။ ဒါပေမယ့် 'ကာရန်မဲ့ကဗျာ' ဆိုတာကိုတော့ ကျွန်တော်တို့ လည်း ဆန်းစစ်ဖို့လိုမယ် ဖြစ်ပါတယ်။
ကာရန်မဲ့ကဗျာဆိုပြီး ကျွန်တော် စတွေ့မိတာက ဆရာ ဒေါင်းနွယ်တွေရဲ့ 'ကဗျာပုလဲကုံး' ကဗျာစာ အုပ် ထဲက ‘ စောင်းသမား လေမုန်တိုင်း’ ကဗျာပါပဲ။
‘ မင်းနဲ့ငါ မတွေ့နိုင်တော့ဘူး အချစ်ရယ်။
လှေပျက်ခဲ့ပေါင်းလည်း များလှပါပြီ
မုန်တိုင်းဟာ အရက်မူးနေတဲ့ မျောက်သိုးရိုင်းကြီး လိုပါပဲကွယ်။
-------------------...........................
သူတေးဆိုနေသတဲ့ကွယ်
မောင်တော့၊ကမ္ဘာဆယ်ကု ဋေကမ္ဘာအဆုံး
မယုံနိုင်ဘူး မောင့်သဲရယ်’
ကဗျာရဲ့ အောက်ခြေမှာ ဆရာ ဒေါင်းနွယ်ဆွေက ဒီလို မှတ်ချက်ပေးထားပါတယ်။ (ကာရန် မပါသော ကဗျာနု စာညွန့်ဝတ္ထုကဲ့သို့ ရေးသားသီဖွဲ့အပ်သဖြင့်
ထိုစပ်နည်းကို ‘ကာရန်မဲ့ကဗျာ’ ဟုစမ်းသပ်အမည် ပေးရခြင်း ဖြစ်လေသည်) တဲ့။
ဆရာဒေါင်းနွယ်ဆွေတို့ခေတ် က တချို့ကဗျာ ဆရာတွေဟာ ကဗျာပုံ သဏ္ဍာန် အသစ်ဆန်းတွေကို စမ်းသပ်ခဲ့ကြ ပါတယ်။ (တီထွင်နိုင်ခြင်းတော့ မရှိခဲ့ကြပါဘူး။) ဒါပေမဲ့ ဆရာ ဒေါင်းနွယ်ဆွေရဲ့ ဒီ ကဗျာကတော့ ကာရန်လုံးဝ မပါသလောက်ပါပဲ။
ဒီတော့ မြန်မာကာရန်မဲ့ ကဗျာအစ ဒေါင်းနွယ်ဆွေက လို့ပြောရမှာ ဖြစ်နေပါတယ်။ ဒါပေမဲ့ ဆရာ ဒေါင်းနွယ်ကိုယ်တိုင်က ဒီကာရန် မဲ့ကဗျာပုံသဏ္ဍာန် ကိုစမ်းသပ်ရုံသာ စမ်းသပ်ခဲ့ပြီး ကဗျာပုံသဏ္ဍာန် တစ်ခု အဖြစ် ဆုပ်ကိုင်ပြီး ဆက်လက်မရေးခဲ့ပါဘူး။
ဒီကဗျာတွေစတင်ဖြစ်ထွန်းခါစက ကျွန်တော်တို့ကဗျာလောကမှာ တော်တော်ကို လှုပ်ခက်သွားပါတယ်..။
ကဗျာဆရာတွေ အငြင်းပွားမှုတွေဖြစ်ကြပါသေးတယ်။နောက်ဆုံးတော့ ခေတ်ပေါ်ကဗျာကပဲ တစ်ဖြည်းဖြည်းလူငယ်တွေကြား နေရာယူလာပါတော့တယ်။
ဝန်ခံချက်---ကဗျာဆရာကြီးများ၏ဆောင်းပါးအချို့ကိုလေ့လာပြီး ယနေ့လူငယ်မော်ဒန်ကဗျာ
ဝါသနာရှင်များအတွက် လေ့လာမိသမျှတင်ပြလိုက်ခြင်းဖြစ်ပါသည်။။
(၁) ရှေးရိုးစဉ်လာကဗျာစီးကြောင်း(ဂန္ထ၀င်ကဗျာပုံသ ဏ္ဍာန်)
(၂) လွတ်လပ်ကာရန် ကဗျာစီးရေကြောင်း (တချို့က မိုးဝေကဗျာလို့ ဆိုကြပါတယ်။)
(၃) ဒီနေ့ ခေတ်ပေါ်မြန်မာကဗျာ သစ်စီးကြောင်း
စတာတွေဖြစ်ကြပါတယ်။ ဒီအထဲ နောက်ဆုံးဖြစ်ပေါ် တိုးတက်လာနေတဲ့ ခေတ်ပေါ်မြန်မာကဗျာသစ်ကိစ္စ ကိုပဲ ဦးတည်ပြောချင်ပါတယ်။
ခေတ်ပေါ်မြန်မာကဗျာသစ်ကို တချို့က 'မော်ဒန်' ကဗျာလို့ဆိုပြီး၊တချို့က ' ကာရန်မဲ့ကဗျာ ' လို့ဆိုကြ ပါတယ်။ Modern ဆိုတဲ့ စကားလုံးကို မြန်မာလို 'ခေတ်ပေါ်' လို့လည်း ပြန်ဆိုလို့ရပါတယ်။ ဒါပေမယ့် 'ကာရန်မဲ့ကဗျာ' ဆိုတာကိုတော့ ကျွန်တော်တို့ လည်း ဆန်းစစ်ဖို့လိုမယ် ဖြစ်ပါတယ်။
ကာရန်မဲ့ကဗျာဆိုပြီး ကျွန်တော် စတွေ့မိတာက ဆရာ ဒေါင်းနွယ်တွေရဲ့ 'ကဗျာပုလဲကုံး' ကဗျာစာ အုပ် ထဲက ‘ စောင်းသမား လေမုန်တိုင်း’ ကဗျာပါပဲ။
‘ မင်းနဲ့ငါ မတွေ့နိုင်တော့ဘူး အချစ်ရယ်။
လှေပျက်ခဲ့ပေါင်းလည်း များလှပါပြီ
မုန်တိုင်းဟာ အရက်မူးနေတဲ့ မျောက်သိုးရိုင်းကြီး လိုပါပဲကွယ်။
-------------------...........................
သူတေးဆိုနေသတဲ့ကွယ်
မောင်တော့၊ကမ္ဘာဆယ်ကု ဋေကမ္ဘာအဆုံး
မယုံနိုင်ဘူး မောင့်သဲရယ်’
ကဗျာရဲ့ အောက်ခြေမှာ ဆရာ ဒေါင်းနွယ်ဆွေက ဒီလို မှတ်ချက်ပေးထားပါတယ်။ (ကာရန် မပါသော ကဗျာနု စာညွန့်ဝတ္ထုကဲ့သို့ ရေးသားသီဖွဲ့အပ်သဖြင့်
ထိုစပ်နည်းကို ‘ကာရန်မဲ့ကဗျာ’ ဟုစမ်းသပ်အမည် ပေးရခြင်း ဖြစ်လေသည်) တဲ့။
ဆရာဒေါင်းနွယ်ဆွေတို့ခေတ် က တချို့ကဗျာ ဆရာတွေဟာ ကဗျာပုံ သဏ္ဍာန် အသစ်ဆန်းတွေကို စမ်းသပ်ခဲ့ကြ ပါတယ်။ (တီထွင်နိုင်ခြင်းတော့ မရှိခဲ့ကြပါဘူး။) ဒါပေမဲ့ ဆရာ ဒေါင်းနွယ်ဆွေရဲ့ ဒီ ကဗျာကတော့ ကာရန်လုံးဝ မပါသလောက်ပါပဲ။
ဒီတော့ မြန်မာကာရန်မဲ့ ကဗျာအစ ဒေါင်းနွယ်ဆွေက လို့ပြောရမှာ ဖြစ်နေပါတယ်။ ဒါပေမဲ့ ဆရာ ဒေါင်းနွယ်ကိုယ်တိုင်က ဒီကာရန် မဲ့ကဗျာပုံသဏ္ဍာန် ကိုစမ်းသပ်ရုံသာ စမ်းသပ်ခဲ့ပြီး ကဗျာပုံသဏ္ဍာန် တစ်ခု အဖြစ် ဆုပ်ကိုင်ပြီး ဆက်လက်မရေးခဲ့ပါဘူး။
ဒီကဗျာတွေစတင်ဖြစ်ထွန်းခါစက ကျွန်တော်တို့ကဗျာလောကမှာ တော်တော်ကို လှုပ်ခက်သွားပါတယ်..။
ကဗျာဆရာတွေ အငြင်းပွားမှုတွေဖြစ်ကြပါသေးတယ်။နောက်ဆုံးတော့ ခေတ်ပေါ်ကဗျာကပဲ တစ်ဖြည်းဖြည်းလူငယ်တွေကြား နေရာယူလာပါတော့တယ်။
ဝန်ခံချက်---ကဗျာဆရာကြီးများ၏ဆောင်းပါးအချို့ကိုလေ့လာပြီး ယနေ့လူငယ်မော်ဒန်ကဗျာ
ဝါသနာရှင်များအတွက် လေ့လာမိသမျှတင်ပြလိုက်ခြင်းဖြစ်ပါသည်။။
ဆုံဆည်းရာ
အချစ်နဲ့ ချိန်းဆိုထားတဲ့နေရာကို
ညက ကိုယ်တစ်ယောက်ထဲ သွားတဲ့အခါ
ငှက်တွေ သီချင်းမဆိုတော့ဘူး
လေကလည်း မလှုပ်ရှားဘဲ ငြိမ်နေတယ်
လမ်းရဲ့ တစ်ဖက်တစ်ချက်က အိမ်တွေကလည်း
တိတ်ဆိတ်ငြိမ်သက်စွာ ရပ်တည်နေကြတယ်။
ကိုယ့်ခြေထောက်က ခြေကျင်းတွေနဲ့ အသံကလဲ
လှမ်းလိုက်တိုင်း ပိုပြီး မြည်လာလို့
ကိုယ်ရှက်နေမိတယ်လေ...
ကိုယ်တို့အိမ် ဆင်ဝင်ပေါ်မှာ ထိုင်ပြီး
သူရဲ့ ခြေသံတွေကို နားထောင်နေတဲ့အခါ
သစ်ပင်ပေါ်က သစ်ရွက်တွေက အသံမပြုကြတော့ဘူး။
မြစ်ထဲက ရေက အိပ်ပျော်နေတဲ့ အစောင့်ရဲ့
ဒူးပေါ်က ဓားလိုပဲ ငြိမ်သက်နေတယ်လေ...
ကိုယ့်နှလုံးသားက အရမ်းကို တုန်လှုပ်နေလို့
ငြိမ်သွားအောင် ဘယ်လိုလုပ်ရမလဲဆိုတာ မသိတော့ဘူး။
အချစ် ရောက်လာပြီး ကိုယ့်အနားမှာ ထိုင်တဲ့အခါ
ကိုယ့်တစ်ကိုယ်လုံး တုန်ရီပြီး
ကိုယ့် မျက်ခွံတွေလည်း လေးကျနေပြီ။
ညက ပိုပြီးမှောင်လာတယ်....
လေက မီးအိမ်ကို ငြိမ်းလိုက်တယ်...
တိမ်တိုက်တွေက ကြယ်ကလေးတွေကို ကဗလာတွေနဲ့
ဖုံးအုပ်လိုက်တယ်....
ကိုယ့်ရင်ပေါ်က ရတနာလေးကပဲ
တောက်ပပြီး အလင်းရောင်ပေးနေတယ်လေ.....
ဒီအလင်းရောင်ကို.....
ကိုယ်ဘယ်လို ဖုံးကွယ်ထားမလဲဆိုတာ
မသိတော့ဘူးကွယ်။
----ရာဘင်ဒရာနတ်တဂိုး"ဥယျာဉ်မှုး'ကဗျာကို ပြန်လည်ခံစားထားခြင်းဖြစ်ပါသည်။------
စွန့်လွှတ်ခြင်းရဲ့နောက်
ဝေခွဲမရ အသိတွေကြားမှာ
ခေါင်းငိုက်စိုက်ချနေရသူပါ၊
ပြိုတော့မဲ့ မိုးတိမ်တွေထက်
အရင်ပြိုခဲ့ရသူပါ...။
အနံ့မရှိတဲ့ ပန်းပွင့်ထက်လည်း
အထီးကျန်ခဲ့ရသူပါ၊
မသေမချာ ဖြစ်ရပ်တွေကြား
အလိုက်သင့်မျောပါရင်း...
ဘ၀တစ်ခုကို
ယောင်လည်လည်နဲ့ ပေးဆပ်နေရသူပါ။
အရာအားလုံးရဲ့ သင့်လျှော်တဲ့၊
အားလုံးရဲ့ အတ္တတွေထဲ
မခါးသက်နိုင်သေးတာ
ကိုယ်ရဲ့ အားနည်းချက်တစ်ခုပါ။
ရှင်သန်ခြင်းအတွက်......
နုပျိုမှု့လိုသေးလား၊
မြေကြီးထဲက အမြစ်တွေအားလုံးအတွက်
ပင်စည်မလိုပါဘူး.........
မိုးမခေါင်သေးခင်
ရှင်သန်နေပါစေ...။
လက်ဆုပ်လက်ကိုင် မပြနိုင်သေးတဲ့
အညွှန့်တွေအတွက်၊
ရေးလောင်းဖို့ မေ့သွားခဲ့ပါတယ်..၊
အတိတ်က တောင်းပန်ခဲ့တာတွေလည်း
ခုထိ မရှက်တတ်သေးပါဘူး...
ချည်နှောင်ထားတဲ့ ကြိုးတွေကြောင့်ပါ..။
ဘ၀ထွေထွေမှာ
အလိုက်သိစွာ နေတတ်ခဲ့ပါပြီ......
ဆင်ခြေဆင်လက်တွေလည်း မပေးတော့ပါဘူး။
အားလုံးနဲ့ဝေးရာ..........
...ငါ......
ကဗျာတွေနဲ့သာ။...........။
ခေါင်းငိုက်စိုက်ချနေရသူပါ၊
ပြိုတော့မဲ့ မိုးတိမ်တွေထက်
အရင်ပြိုခဲ့ရသူပါ...။
အနံ့မရှိတဲ့ ပန်းပွင့်ထက်လည်း
အထီးကျန်ခဲ့ရသူပါ၊
မသေမချာ ဖြစ်ရပ်တွေကြား
အလိုက်သင့်မျောပါရင်း...
ဘ၀တစ်ခုကို
ယောင်လည်လည်နဲ့ ပေးဆပ်နေရသူပါ။
အရာအားလုံးရဲ့ သင့်လျှော်တဲ့၊
အားလုံးရဲ့ အတ္တတွေထဲ
မခါးသက်နိုင်သေးတာ
ကိုယ်ရဲ့ အားနည်းချက်တစ်ခုပါ။
ရှင်သန်ခြင်းအတွက်......
နုပျိုမှု့လိုသေးလား၊
မြေကြီးထဲက အမြစ်တွေအားလုံးအတွက်
ပင်စည်မလိုပါဘူး.........
မိုးမခေါင်သေးခင်
ရှင်သန်နေပါစေ...။
လက်ဆုပ်လက်ကိုင် မပြနိုင်သေးတဲ့
အညွှန့်တွေအတွက်၊
ရေးလောင်းဖို့ မေ့သွားခဲ့ပါတယ်..၊
အတိတ်က တောင်းပန်ခဲ့တာတွေလည်း
ခုထိ မရှက်တတ်သေးပါဘူး...
ချည်နှောင်ထားတဲ့ ကြိုးတွေကြောင့်ပါ..။
ဘ၀ထွေထွေမှာ
အလိုက်သိစွာ နေတတ်ခဲ့ပါပြီ......
ဆင်ခြေဆင်လက်တွေလည်း မပေးတော့ပါဘူး။
အားလုံးနဲ့ဝေးရာ..........
...ငါ......
ကဗျာတွေနဲ့သာ။...........။
Wednesday, January 18, 2012
ကြေကွဲခြင်းတွေပြိုကျတဲ့ည
အဲ့ဒီညက ငါ့နှလုံးသားကို
အရေခွံလဲဖို့ မေ့သွားခဲ့တယ်.....
လရောင်ရဲ့ အပြုံးတွေကို
နှစ်နှစ်ခြိုက်ခြိုက်ခံယူဖို့ မေ့သွားခဲ့တယ်......
ကဗျာတွေရေးရင်း
ဆေးလိပ်တိုတွေစုဖို့ မေ့သွားခဲ့တယ်.....
နေရာအနှံ့ စုပုံထားတဲ့
ငါ့ကဗျာတွေကို ပီတိဖြစ်ဖို့မေ့သွာခဲ့တယ်.....
ငါ့ရဲ့အူမကြီးကို
အလုပ်အကြွေးပြုဖို့ မေ့သွားခဲ့တယ်......
အရင်ညတွေလို........
ညနဲ့စကားပြောဖို့ မေ့သွားခဲ့တယ်....
ညနက်နက် အိပ်မက်ဆိုးတွေထဲက
လန့်လန့်နိုးဖို့ မေ့သွားခဲ့တယ်.......
အဲ့ဒီညဟာ ကောင်မလေးတစ်ယောက်ရဲ့
ရက်စက်မှု့တွေကို ခုခံဖို့ မေ့သွားတဲ့ညပါပဲ.............။
-ခြင်တစ်ကောင်ရဲ့အနမ်း
တွန့်ခနဲ ဖြစ်သွာခြင်းရဲ့နောက်မှာ....
ခြင်အုပ်တွေရဲ့ ဟားတိုက်လှောင်ပြောင်မှု့တွေကို...
ကျွန်တော်ခံခဲ့ရပါတယ်။
ဖတ်စာအုပ်ထဲက ခြင်တို့ရဲ့အကြောင်းနဲ့၊
ဆေးရုံသို့ အလည်တစ်ခေါက်မှာ...
ကျွန်တော် ကျောပြင်တွေ တကယ်ပဲ
အေးစိမ့်သွားခဲ့ပါတယ်။။
ဒီလိုနဲ့ပဲ ခြင်ဆေးခွေမရှိတော့တဲ့
ကျွန်တော်ရဲ့ ညညအိပ်မက်တွေထဲမှာ၊
ဝင်္ကပါ လို ရှုပ်ထွေးနေတဲ့...
ဆေးထိုးပိုက်တွေကြားက...
ခြေထောက်တုတ်တုတ်ကြီးတွေ........
ကျွန်တော်ကို ကိုယ်ထင်ပြလို့။။
ခြင်တစ်ကောင်ရဲ့ အနမ်းမှာ-
ကျွန်တော်အလန့်တကြား၊သွေးပျက်မနေချင်တော့၊
မနက်ဖြန်အတွက်...
ခြင်ဆေးခွေ ၀ယ်ထားဦးမှ။......။
ခြင်အုပ်တွေရဲ့ ဟားတိုက်လှောင်ပြောင်မှု့တွေကို...
ကျွန်တော်ခံခဲ့ရပါတယ်။
ဖတ်စာအုပ်ထဲက ခြင်တို့ရဲ့အကြောင်းနဲ့၊
ဆေးရုံသို့ အလည်တစ်ခေါက်မှာ...
ကျွန်တော် ကျောပြင်တွေ တကယ်ပဲ
အေးစိမ့်သွားခဲ့ပါတယ်။။
ဒီလိုနဲ့ပဲ ခြင်ဆေးခွေမရှိတော့တဲ့
ကျွန်တော်ရဲ့ ညညအိပ်မက်တွေထဲမှာ၊
ဝင်္ကပါ လို ရှုပ်ထွေးနေတဲ့...
ဆေးထိုးပိုက်တွေကြားက...
ခြေထောက်တုတ်တုတ်ကြီးတွေ........
ကျွန်တော်ကို ကိုယ်ထင်ပြလို့။။
ခြင်တစ်ကောင်ရဲ့ အနမ်းမှာ-
ကျွန်တော်အလန့်တကြား၊သွေးပျက်မနေချင်တော့၊
မနက်ဖြန်အတွက်...
ခြင်ဆေးခွေ ၀ယ်ထားဦးမှ။......။
Monday, January 16, 2012
ဆူးထဲက ဘဝ
နေ့တစ်ခုရဲ့ အသိုင်းအ၀ိုင်းမှာ
ကျွန်တော်ရဲ့ ဆာလောင်ခြင်းတွေကို
ခတ္တရေနုတ်မြောင်းထဲ စွန့်ချခဲ့တယ်။
တိတိရိရိ ပြက်ချသွားတဲ့ စိတ်အစုံက
သံဆူးချုံတွေ ဗရပွ နဲ့။
အတ္တက ကိုယ့်ကိုကိုယ် သူကောင်းပြုခဲ့၊
အတွေဝေဆုံးသော လမ်းခုလက်က
ကျွန်တော့်ရဲ့ဆည်းဆာကို နက်နက်ရှိုင်းရှိုင်း
သူတို့လွင့်ပြစ်ခဲ့တဲ့ ကျွန်တော်ရဲ့ တကိုယ်စာပါ။
မိုးလင်းမိုးချုပ် စိတ်တေလေတွေ
ညနေတိုင်းထိုင်နေကျ အရက်ဆိုင်အိုမှာ
ပြန်လည် စီကာကုံးခဲ့ရ။
တစ္ဆေမကြောက်တဲ့ ကျွန်တော်
တစ္ဆေခြောက်တဲ့ အိပ်မက်တွေပဲ မက်မက်နေရ။
မိုးလင်းမျက်နှာသစ်မယ့် ရေက
ကျွန်တော့်ရဲ့ စိတ်ကူးတွေကို လှောင်ပြောင်နေသလို
အသိစိတ်ရဲ့အသိက ပိုက်ဆံမရှိခဲ့။
ခြေထောက်နဲ့ နင်းလျှောက်နေမိတဲ့
အိမ်ရှေ့က လမ်းတွေကိုပဲ နှမျှောနေမိ။
အသက်တွေရလာပြီ။
ဒီလိုနဲ့ပဲ
နေ့တစ်ခုရဲ့ အသိုင်းအ၀ိုင်းမှာ
ကျွန်တော်ရဲ့ ဆာလောင်ခြင်းတွေကို
ခတ္တရေနုတ်မြောင်းထဲ စွန့်ချခဲ့ရပြန်တယ်။
ကျွန်တော်ရဲ့ ဆာလောင်ခြင်းတွေကို
ခတ္တရေနုတ်မြောင်းထဲ စွန့်ချခဲ့တယ်။
တိတိရိရိ ပြက်ချသွားတဲ့ စိတ်အစုံက
သံဆူးချုံတွေ ဗရပွ နဲ့။
အတ္တက ကိုယ့်ကိုကိုယ် သူကောင်းပြုခဲ့၊
အတွေဝေဆုံးသော လမ်းခုလက်က
ကျွန်တော့်ရဲ့ဆည်းဆာကို နက်နက်ရှိုင်းရှိုင်း
သူတို့လွင့်ပြစ်ခဲ့တဲ့ ကျွန်တော်ရဲ့ တကိုယ်စာပါ။
မိုးလင်းမိုးချုပ် စိတ်တေလေတွေ
ညနေတိုင်းထိုင်နေကျ အရက်ဆိုင်အိုမှာ
ပြန်လည် စီကာကုံးခဲ့ရ။
တစ္ဆေမကြောက်တဲ့ ကျွန်တော်
တစ္ဆေခြောက်တဲ့ အိပ်မက်တွေပဲ မက်မက်နေရ။
မိုးလင်းမျက်နှာသစ်မယ့် ရေက
ကျွန်တော့်ရဲ့ စိတ်ကူးတွေကို လှောင်ပြောင်နေသလို
အသိစိတ်ရဲ့အသိက ပိုက်ဆံမရှိခဲ့။
ခြေထောက်နဲ့ နင်းလျှောက်နေမိတဲ့
အိမ်ရှေ့က လမ်းတွေကိုပဲ နှမျှောနေမိ။
အသက်တွေရလာပြီ။
ဒီလိုနဲ့ပဲ
နေ့တစ်ခုရဲ့ အသိုင်းအ၀ိုင်းမှာ
ကျွန်တော်ရဲ့ ဆာလောင်ခြင်းတွေကို
ခတ္တရေနုတ်မြောင်းထဲ စွန့်ချခဲ့ရပြန်တယ်။
Subscribe to:
Posts (Atom)