Monday, January 16, 2012

ဆူးထဲက ဘဝ


နေ့တစ်ခုရဲ့ အသိုင်းအ၀ိုင်းမှာ
ကျွန်တော်ရဲ့ ဆာလောင်ခြင်းတွေကို
ခတ္တရေနုတ်မြောင်းထဲ စွန့်ချခဲ့တယ်။
တိတိရိရိ ပြက်ချသွားတဲ့ စိတ်အစုံက
သံဆူးချုံတွေ ဗရပွ နဲ့။
အတ္တက ကိုယ့်ကိုကိုယ် သူကောင်းပြုခဲ့၊
အတွေဝေဆုံးသော လမ်းခုလက်က
ကျွန်တော့်ရဲ့ဆည်းဆာကို နက်နက်ရှိုင်းရှိုင်း
သူတို့လွင့်ပြစ်ခဲ့တဲ့ ကျွန်တော်ရဲ့ တကိုယ်စာပါ။
မိုးလင်းမိုးချုပ် စိတ်တေလေတွေ
ညနေတိုင်းထိုင်နေကျ အရက်ဆိုင်အိုမှာ
ပြန်လည် စီကာကုံးခဲ့ရ။
တစ္ဆေမကြောက်တဲ့ ကျွန်တော်
တစ္ဆေခြောက်တဲ့ အိပ်မက်တွေပဲ မက်မက်နေရ။
မိုးလင်းမျက်နှာသစ်မယ့် ရေက
ကျွန်တော့်ရဲ့ စိတ်ကူးတွေကို လှောင်ပြောင်နေသလို
အသိစိတ်ရဲ့အသိက ပိုက်ဆံမရှိခဲ့။
ခြေထောက်နဲ့ နင်းလျှောက်နေမိတဲ့
အိမ်ရှေ့က လမ်းတွေကိုပဲ နှမျှောနေမိ။
အသက်တွေရလာပြီ။
ဒီလိုနဲ့ပဲ
နေ့တစ်ခုရဲ့ အသိုင်းအ၀ိုင်းမှာ
ကျွန်တော်ရဲ့ ဆာလောင်ခြင်းတွေကို
ခတ္တရေနုတ်မြောင်းထဲ စွန့်ချခဲ့ရပြန်တယ်။

No comments: