Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts

Sunday, February 5, 2012

ဆေးလိပ်၊ အရက်နှင့်ကော်ဖီ


အလွန်အကျွံသောက်ခြင်းက ဦးနှောက်၏လုပ်ဆောင်မှုကို ပျက်ယွင်းစေနိုင်
ကဖင်းဓာတ်သည် လူတို့အား ဘေးဥပဒ်ဖြစ်စေနိုင်ခြင်းမရှိဟု ယူဆရသော် လည်း ကဖင်းဓာတ်ပါဝင်သောကော်ဖီအား ရေရှည်တွင် အလွန်အကျွံသုံးစွဲပါက ဆေး ခြောက်နှင့် ကိုကင်းကဲ့သို့ မူးယစ်ဆေးဝါး များ သုံးစွဲသကဲ့သို့ အကျိုးပျက်ပြားစေနိုင် သည်ဟုဆိုသည်။ လေ့လာဆန်းစစ်မှုအရ ကော်ဖီအလွန်အကျွံသုံးစွဲမှုကြောင့် အယ်လ် ဇိုင်းမားကဲ့သို့သော အကြိုဇရာရောဂါကို ဖြစ်ပေါ်စေပြီး ကဖင်းဓာတ်သည် ဦးနှောက်လုပ်ဆောင်မှုနှင့်ဆက် စပ်နေသော စိုးရိမ်မှု၊ ဒေါသနှင့် ရုတ်တရက် စိတ်ဖောက်ခြင်း ကဲ့သို့သော စိတ်ပိုင်းဆိုင်ရာ ပြဿနာများကို ဖြစ်ပေါ်စေ ခြင်းနှင့် ဦးနှောက်၏ လုပ် ဆောင်မှုတွင် နိုးကြားမှုမရှိ ခြင်း သို့မဟုတ် ဖျတ်လတ်ခြင်းကဲ့သို့သော မူ မမှန်မှုများကို ဖြစ်ပေါ်စေသည်ဟု ဆိုသည်။
ထိုသို့သော ချို့ယွင်း မှုသည် ဦးနှောက်၏ ဧရိယာ တစ်ဝိုက်သို့ ထိရောက်စွာ သွေးပေးပို့နိုင်ခြင်းမရှိသော ကြောင့်ဖြစ်သည်။
ဆေးလိပ်၊ အရက် နှင့် ကော်ဖီ အလွန်အကျွံ သောက်သုံးသူများ၏ ဦး နှောက်ကို စစ်ဆေးကြည့် လျှင် အကြီးအကျယ်ပျက် စီးမှုပြုနေကြောင်း တွေ့ရှိရမည်ဟု အာရုံ ကြောနှင့် စိတ်ရောဂါဆရာဝန် ဒန်နီယယ် အေမင်က ပြောကြားခဲ့သည်။
၎င်းင်း၏အဆိုအရ တစ်နေ့လျှင် ကော်ဖီတစ်ခွက် သို့မဟုတ် ရက်သတ္တတစ် ပတ်လျှင် ၀ိုင်နှစ်ခွက်သောက်သုံးခြင်းက ကျန်း မာရေးနှင့်ပတ်သက်၍ ပြဿနာမရှိသော် လည်း တစ်နေ့လျှင် ကော်ဖီရှစ်ခွက် သို့မဟုတ် တစ်နေ့လျှင် ၀ိုင်နှစ်ခွက်သောက်သုံးခြင်းမှာ လူတို့၏ကျန်းမာရေးအတွက် ဘေးဥပဒ်ဖြစ် မည့် ပမာဏပင်ဖြစ်သည်ဟု ဒေါက်တာအေ မင်က ပြောကြားခဲ့သည်။
[Ref : Internet]/KTA