ခိုးကိုးရာမဲ့ မျက်လုံးလေးတစ်စုံ၊
အတတ်ပညာတစ်ခုရဲ့ အနိမ့်အမြင့်တွေကြားမှာ
အေ၇ာင်မှိန်ခဲ့ဖူးတယ်။
ဘ၀ရယ်....
အရောင်တွေ များလိုက်ပုံများ...
စွဲစွဲမြဲမြဲ မ၀ံ့ထည်တော့တဲ့
တုန်ရီ ခြေနှစ်ချောင်းလို.....
လမ်းမှားတွေဘက် တိမ်းစောင်ခဲ့ဖူးတယ်။
ငယ်ငယ် က....ဖားခြေထောက်ကို ကြိုးနဲ့ချည်၊
ခုန်ခိုင်းခဲ့သလိုမျိုး .............
ငါ့ရဲ့အားထုတ်မှုတွေ...
နောက်ပြန် ရောက်ရောက်နေခဲ့။
အသုံးမတည့်တော့တဲ့..
အသီးအပွင့်တွေလို...
ပုပ်အဲ့အဲ့ လက်သီးဆုပ်ထဲက၊
ဘ၀တွေ ဆုပ်ချည်ဖြန့်ချည်.....
ဒီလိုနဲ့ပဲ ဘ၀ဟာ......
နောက်ထပ်တဖန် '
အရောင် မှိန်ခဲ့ရပြန်ပြီ။ ။
Showing posts with label poem. Show all posts
Showing posts with label poem. Show all posts
Monday, February 20, 2012
ဝဋ်
Sunday, February 5, 2012
ငါ့ဘ၀လမ်း
အကျဉ်းစံ
ဝေဒနာသည်တစ်ယောက်ရဲ့
အလွမ်းပွင့်ကြွေသံတွေရယ်ပါ....။

လမ်းတွေမဆုံးသေးဘူး၊
တစ်ထောင့်တစ်ညပုံပြင်လို

ဘ၀ကိုအခါခါငိုကြွေးနေရ။
ဘယ်တော့မှ ပြန်မဆုံနိုင်ခြင်းတွေက
အလွမ်းကိုဖြားယောင်နေကြ။
ကြေကွဲလွမ်းဆွတ်လိုက်တာ
ဘယ်လိုမှမေ့ဖျောက်မရနိုင်တော့
တစ်ယောက်တည်းကြေကွဲအခန်းကျဉ်းထဲမှာ
အလွမ်းသံစဉ်တွေညည်းတွား.....။
ခြောက်ကပ်ကပ်ပါပဲ....
ခြောက်ကပ်ကပ်နဲ့ပါပဲ........။
Saturday, January 21, 2012
အတောင်ကျွတ်ငှက်
အဲ့ဒီ့အိပ်မက်တွေမှာ....
မိုးမျှော်တောင်တို့ရဲ့အထ္ထုပ္ပတိ တွေပါတယ်။
စားနေကျ ကန်းဇွန်းပလိန်းတွေပါတယ်။
အသားမာတက်နေတဲ့ ဘ၀ခါးခါးတွေပါတယ်။
စည်းချက်ကျကျ ဆာလောင်သံတွေပါတယ်။
အတက်အဆင်း အိပ်မက်တွေနဲ့
ကောင်းကင်ခြေသံတွေမှာ ပြင်ဆင်ခွင့်တွေမရခဲ့။
အဲ့ဒီ့ အညတရမှာ.....
ချွတ်ချော်မှု့တွေက ဆောင်းတွင်းအိပ်မက်လို
ဂယောက်ဂယက်၊
မျက်မြင်ကိုယ်တွေ့ အော်ဂလီဆန်မှု့တွေနဲ့
ဘ၀ကို ရာသီ တစ်ပါတ် ပက်ပြေးခိုင်းရပြန်တယ်။
ရပ်နေတဲ့ နာရီပျက်တစ်လုံးလို...
ခြေထောက်တွေက ဘယ်လိုလျှောက်လျှောက်
ဘ၀တစ်ခုကတော့ ခုထိ ရပ်နေတုန်း။
မနေ့က ခြေရာတွေ ခုထိ.....။
အဲ့ဒီ့အိပ်မက်တွေမှာ.....
မနေ့က ခြေရာတွေလည်း ပါတယ်။
မနက်ဖြန်အတွေး
နှစ်လိုရာနှစ် အတောင်ပံတွေရေစို
ရယ်မောခြင်းတွေ ပျံသန်းမဲ့ခဲ့။
အဲ့ဒီ့မျက်နှာလေးပါပဲ...
ဟုတ်တယ်-အဲ့ဒီ့မျက်နှာလေးနဲ့
သူမ ကျွန်တော့်ကိုသိမ်းသွင်းခဲ့။
မာယာမဲ့ နုတ်ခမ်းတစ်စုံက
အရှိကို အရှိအတိုင်းလုပ်သွားတယ်။
သူမ-ဟန်မဆောင်ခဲ့ပါဘူး။
ထိချက်ပြင်းတယ်...
ရေစိုတောင်ပံတွေ ဘယ်တော့ခြောက်ပ၊
ပျံသန်းနိုင်မယ့်နေ့တွေ စောင့်စား၊
ဒဲ့ဝင်လာတဲ့ လောက်စာတစ်လုံးကို
ခေါင်းနဲ့ခံတိုက်ခဲ့-ကျွန်တော် ဆာသူငယ်။
မနက်ဖြန်ပေါင်းများစွာအတွက်
ဘယ်လိုကြေကွဲခြင်းတွေနဲ့
အတောင်ပံအသစ်တွေချုပ်လုပ်ရပ၊ ။
နှစ်လိုရာနှစ် အတောင်ပံတွေ
ရေထဲ စုံးစုံးမြုပ်......
အဲ့ဒီ့မျက်နှာလေးကြောင့်ပါပဲ...
ဟုတ်တယ်-အဲ့ဒီ့မျက်နှာလေးကြောင့်ပါပဲ။ ။
ရယ်မောခြင်းတွေ ပျံသန်းမဲ့ခဲ့။
အဲ့ဒီ့မျက်နှာလေးပါပဲ...
ဟုတ်တယ်-အဲ့ဒီ့မျက်နှာလေးနဲ့
သူမ ကျွန်တော့်ကိုသိမ်းသွင်းခဲ့။
မာယာမဲ့ နုတ်ခမ်းတစ်စုံက
အရှိကို အရှိအတိုင်းလုပ်သွားတယ်။
သူမ-ဟန်မဆောင်ခဲ့ပါဘူး။
ထိချက်ပြင်းတယ်...
ရေစိုတောင်ပံတွေ ဘယ်တော့ခြောက်ပ၊
ပျံသန်းနိုင်မယ့်နေ့တွေ စောင့်စား၊
ဒဲ့ဝင်လာတဲ့ လောက်စာတစ်လုံးကို
ခေါင်းနဲ့ခံတိုက်ခဲ့-ကျွန်တော် ဆာသူငယ်။
မနက်ဖြန်ပေါင်းများစွာအတွက်
ဘယ်လိုကြေကွဲခြင်းတွေနဲ့
အတောင်ပံအသစ်တွေချုပ်လုပ်ရပ၊ ။
နှစ်လိုရာနှစ် အတောင်ပံတွေ
ရေထဲ စုံးစုံးမြုပ်......
အဲ့ဒီ့မျက်နှာလေးကြောင့်ပါပဲ...
ဟုတ်တယ်-အဲ့ဒီ့မျက်နှာလေးကြောင့်ပါပဲ။ ။
Thursday, January 19, 2012
အရောင်ဆိုးစိမ်းလန်းခြင်းများ
နေရာဒေသ တစ်ခုရဲ့
တစ်ဝမ်း တစ်ခါးမှာ
ကောက်ကျစ်စဉ်းလဲမှု့တွေ
မျိုးပွားနေတုန်း
အတိတ်က အဖြူရောင်လေး
ခါးသက်သွားတယ် ။
ကမန်းကတန်း ဆူညံမှု့ တွေက
ကမန်းကတန်း ဆူညံမှု့ တွေက
မှားယွင်းမှု့ များစွာ ရဲ့
အခြေခံ လေလား ။
မတော်တဆ လောင်ကျွမ်းသွားတဲ့
မတော်တဆ လောင်ကျွမ်းသွားတဲ့
အဲ့ဒီ ဝေရာဝစ္စ တွေထဲမှာ
ကိုယ်အတ္တ တွေပါ နေတယ် ဆိုယုံလေးပါ
မေ့လျော့ခြင်း ရဲ့နောက်ကွယ်မှာ
မေ့လျော့ခြင်း ရဲ့နောက်ကွယ်မှာ
ဆံပင်တွေဖြူခဲ့တာ ဘာဆိုင်လဲ၊
မျက်ခုံးမွှေးပေါ်က ခြေထောက်တွေကတော့
မျက်ခုံးမွှေးပေါ်က ခြေထောက်တွေကတော့
မထေမဲ့မြင်ပန်းပွင့်တွေကျဲချလို့၊
အိပ်ပျော်သွားတဲ့ အရက်တစ်ခွက်မှာတော့
ဆွေးမြေ့ မှူ့တွေ အနည်ထိုင်သွားခဲ့တယ် ။
တက်ကြွခြင်း ဆိုတာ
တက်ကြွခြင်း ဆိုတာ
အတိတ်ကတကယ်ရှိခဲ့ရဲ့လား
အသေအချာ မစဉ်းစားတော့ပါဘူး ။
မိုးရွာ ပြီးစ စိမ်းလန်း စိုပြေတာထက်
သာယာတဲ့အနမ်းတစ်ခုလောက်ပဲ
ငါ အမှန်တကယ် လိုချင်ခဲ့ပါတယ်၊
ဒါမှမဟုတ် ပေးအပ်ချင်ပါတယ်။
ပျက်ဆီးသွားတဲ့မုန်တိုင်းတစ်တစ်ခုထဲက
နိုးထခွင့် ပေးပါ။
မင်းမာယာတွေ ပြီးဆုံးပြီးနောက်။ ။
ခြေရာ
ထားခဲ့ပါ....
မင်းရဲ့ မသေခြင်းကဗျာတွေထဲ...
နှလုံးသား အပဲ့လေးတစ်ခုနဲ့ ...
ယဉ်ကျေးပေးပါ့မယ်။
အလေးချိန်တွေ မတူညီလည်း...
မျဉ်းကြောင်းတွေ ဖြောင့်ဆဲ...
ငိုကြွေးခြင်းတွေ ငါ့ဘက်မှာပါ။
ထားခဲ့ပါ...
မင်းရဲ့စွန့်ကျဲခြင်းတွေထဲ...
တစ်အိအိပြိုလဲနေတဲ့ ဘ၀ကို ရေဆန်ထဲမျော....
ပန်းတွေပွင့်လန်းပေးပါ့မယ်။
အနိမ့်အမြင့်တွေ မတူညီလည်း....
တစ်နေရာတည်းကိုတော့..
ငါတို့တူညီစွာနဲ့ ရောက်ကြမှာပါ။
ထားခဲ့ပါ...
မင်းရဲ့နောက်စံတင်း ကဗျာတွေထဲ....
ငါ ပန်းပင်တွေစိုက်ပျိုးပေးပါ့မယ်။
ပြီးတော့ ငါမင်းနောက်လိုက်ခဲ့ပါမယ်။
ထားခဲ့ပါ....
မင်းရဲ့ကဗျာတွေ ကျန်ရှိနေဦးမှာပါ။
မင်းရဲ့ မသေခြင်းကဗျာတွေထဲ...
နှလုံးသား အပဲ့လေးတစ်ခုနဲ့ ...
ယဉ်ကျေးပေးပါ့မယ်။
အလေးချိန်တွေ မတူညီလည်း...
မျဉ်းကြောင်းတွေ ဖြောင့်ဆဲ...
ငိုကြွေးခြင်းတွေ ငါ့ဘက်မှာပါ။
ထားခဲ့ပါ...
မင်းရဲ့စွန့်ကျဲခြင်းတွေထဲ...
တစ်အိအိပြိုလဲနေတဲ့ ဘ၀ကို ရေဆန်ထဲမျော....
ပန်းတွေပွင့်လန်းပေးပါ့မယ်။
အနိမ့်အမြင့်တွေ မတူညီလည်း....
တစ်နေရာတည်းကိုတော့..
ငါတို့တူညီစွာနဲ့ ရောက်ကြမှာပါ။
ထားခဲ့ပါ...
မင်းရဲ့နောက်စံတင်း ကဗျာတွေထဲ....
ငါ ပန်းပင်တွေစိုက်ပျိုးပေးပါ့မယ်။
ပြီးတော့ ငါမင်းနောက်လိုက်ခဲ့ပါမယ်။
ထားခဲ့ပါ....
မင်းရဲ့ကဗျာတွေ ကျန်ရှိနေဦးမှာပါ။
ငါ့ခြေလှမ်းအစ
ငါ့ရင်ထဲမှာ....
အိုင်ယာလန်က-ရှေးမာစ်ဟေနီ ရှိတယ်....
စကော့တလန်က-ဒါ့ဂလာစ်ဒန်း ရှိတယ်....
ချက်က-ဟောလုဗ်(မီရောဆလာဗ့်ဟောလုဗ်)ရှိတယ်....
ယူဂိုဆလပ်က-ပိုပါ ရှိတယ်...
ပိုလန်က -ဟားဗတ်(ဇဗစ်ဂညူးဟားဗတ်)ရှိတယ်.....
မြန်မာ က-အောင်ဝေး၊၀ိုင်ချို၊မင်းခိုက်စိုးစံ တို့ရှိတယ်....။
ခု...သူတို့ရဲ့သွေးသားတွေနဲ့...
ငါ့ရင်ထဲက နှလုံးသားကိုဆေးကြောနေတယ်။
ငါ့ရဲ့ကဗျာကောင်းကင်ထဲမှာ...
သူတို့ရဲ့ အငွေ့အသက်တွေ ပျံသန်းနေကြတယ်။
ငါ့ရဲ့သွေးကြောထဲမှာ...
သူတို့ရဲ့ အတွေးတွေ စီးဆင်းနေကြတယ်။
ငါ့ရဲ့ ကဗျာ နိမ့်နိမ့်တွေထဲမှာ...
သူတို့ရဲ့ သြ၀ါဒတွေ ဖုန်းလွှမ်းနေကြတယ်။
အသံတွေ...အသံတွေကြားနေရတယ်...
မဟာတံတိုင်းကြီးကို သူတို့ကျော်ခွလာနေကြတယ်...
ပဲရစ်မျှော်စင်ကြီးကို သူတို့ကျော်ခွလာနေကြတယ်...
ပြီးတော့....အတားအဆီးတွေ၊
အမြင့်တကာ အမြင့်တွေကို သူတို့ကျော်ခွလာနေကြတယ်။
ငါဟာ..ခြောက်သွေ့သွေ့ကျောက်တုံးတစ်တုံးပေါ်မှာ...
ကပ်ငြိနေတဲ့ ငှက်တစ်ကောင်ရဲ့တောင်ပံတစ်ခုပါ...
ငါ့ရဲ့ မ၀ံ့မရဲ ကဗျာလေးတွေပေါ်မှာ..
သူတို့ ခြေမှုံစာတွေ......။
သူတို့ရဲ့ အရောင်တွေအောက်ကို
ငါတိုးဝင်နေတယ်။
ဆွံ့အ နေတဲ့ ငါ့ရဲ့မြေကြီးပေါ်မှာ..
ငါ့အရိုးတွေနဲ့...
ငါ ကဗျာတွေရေးနေတယ်...
ငါ့ရဲ့ခံစားချက်တိုင်းမှာ၊
ငါ မှတ်တိုင်တွေ စိုက်ထူနေတယ်....
ငါ...တစ်ပင်စာ။ ။
အိုင်ယာလန်က-ရှေးမာစ်ဟေနီ ရှိတယ်....
စကော့တလန်က-ဒါ့ဂလာစ်ဒန်း ရှိတယ်....
ချက်က-ဟောလုဗ်(မီရောဆလာဗ့်ဟောလုဗ်)ရှိတယ်....
ယူဂိုဆလပ်က-ပိုပါ ရှိတယ်...
ပိုလန်က -ဟားဗတ်(ဇဗစ်ဂညူးဟားဗတ်)ရှိတယ်.....
မြန်မာ က-အောင်ဝေး၊၀ိုင်ချို၊မင်းခိုက်စိုးစံ တို့ရှိတယ်....။
ခု...သူတို့ရဲ့သွေးသားတွေနဲ့...
ငါ့ရင်ထဲက နှလုံးသားကိုဆေးကြောနေတယ်။
ငါ့ရဲ့ကဗျာကောင်းကင်ထဲမှာ...
သူတို့ရဲ့ အငွေ့အသက်တွေ ပျံသန်းနေကြတယ်။
ငါ့ရဲ့သွေးကြောထဲမှာ...
သူတို့ရဲ့ အတွေးတွေ စီးဆင်းနေကြတယ်။
ငါ့ရဲ့ ကဗျာ နိမ့်နိမ့်တွေထဲမှာ...
သူတို့ရဲ့ သြ၀ါဒတွေ ဖုန်းလွှမ်းနေကြတယ်။
အသံတွေ...အသံတွေကြားနေရတယ်...
မဟာတံတိုင်းကြီးကို သူတို့ကျော်ခွလာနေကြတယ်...
ပဲရစ်မျှော်စင်ကြီးကို သူတို့ကျော်ခွလာနေကြတယ်...
ပြီးတော့....အတားအဆီးတွေ၊
အမြင့်တကာ အမြင့်တွေကို သူတို့ကျော်ခွလာနေကြတယ်။
ငါဟာ..ခြောက်သွေ့သွေ့ကျောက်တုံးတစ်တုံးပေါ်မှာ...
ကပ်ငြိနေတဲ့ ငှက်တစ်ကောင်ရဲ့တောင်ပံတစ်ခုပါ...
ငါ့ရဲ့ မ၀ံ့မရဲ ကဗျာလေးတွေပေါ်မှာ..
သူတို့ ခြေမှုံစာတွေ......။
သူတို့ရဲ့ အရောင်တွေအောက်ကို
ငါတိုးဝင်နေတယ်။
ဆွံ့အ နေတဲ့ ငါ့ရဲ့မြေကြီးပေါ်မှာ..
ငါ့အရိုးတွေနဲ့...
ငါ ကဗျာတွေရေးနေတယ်...
ငါ့ရဲ့ခံစားချက်တိုင်းမှာ၊
ငါ မှတ်တိုင်တွေ စိုက်ထူနေတယ်....
ငါ...တစ်ပင်စာ။ ။
ဆုံဆည်းရာ
အချစ်နဲ့ ချိန်းဆိုထားတဲ့နေရာကို
ညက ကိုယ်တစ်ယောက်ထဲ သွားတဲ့အခါ
ငှက်တွေ သီချင်းမဆိုတော့ဘူး
လေကလည်း မလှုပ်ရှားဘဲ ငြိမ်နေတယ်
လမ်းရဲ့ တစ်ဖက်တစ်ချက်က အိမ်တွေကလည်း
တိတ်ဆိတ်ငြိမ်သက်စွာ ရပ်တည်နေကြတယ်။
ကိုယ့်ခြေထောက်က ခြေကျင်းတွေနဲ့ အသံကလဲ
လှမ်းလိုက်တိုင်း ပိုပြီး မြည်လာလို့
ကိုယ်ရှက်နေမိတယ်လေ...
ကိုယ်တို့အိမ် ဆင်ဝင်ပေါ်မှာ ထိုင်ပြီး
သူရဲ့ ခြေသံတွေကို နားထောင်နေတဲ့အခါ
သစ်ပင်ပေါ်က သစ်ရွက်တွေက အသံမပြုကြတော့ဘူး။
မြစ်ထဲက ရေက အိပ်ပျော်နေတဲ့ အစောင့်ရဲ့
ဒူးပေါ်က ဓားလိုပဲ ငြိမ်သက်နေတယ်လေ...
ကိုယ့်နှလုံးသားက အရမ်းကို တုန်လှုပ်နေလို့
ငြိမ်သွားအောင် ဘယ်လိုလုပ်ရမလဲဆိုတာ မသိတော့ဘူး။
အချစ် ရောက်လာပြီး ကိုယ့်အနားမှာ ထိုင်တဲ့အခါ
ကိုယ့်တစ်ကိုယ်လုံး တုန်ရီပြီး
ကိုယ့် မျက်ခွံတွေလည်း လေးကျနေပြီ။
ညက ပိုပြီးမှောင်လာတယ်....
လေက မီးအိမ်ကို ငြိမ်းလိုက်တယ်...
တိမ်တိုက်တွေက ကြယ်ကလေးတွေကို ကဗလာတွေနဲ့
ဖုံးအုပ်လိုက်တယ်....
ကိုယ့်ရင်ပေါ်က ရတနာလေးကပဲ
တောက်ပပြီး အလင်းရောင်ပေးနေတယ်လေ.....
ဒီအလင်းရောင်ကို.....
ကိုယ်ဘယ်လို ဖုံးကွယ်ထားမလဲဆိုတာ
မသိတော့ဘူးကွယ်။
----ရာဘင်ဒရာနတ်တဂိုး"ဥယျာဉ်မှုး'ကဗျာကို ပြန်လည်ခံစားထားခြင်းဖြစ်ပါသည်။------
စွန့်လွှတ်ခြင်းရဲ့နောက်
ဝေခွဲမရ အသိတွေကြားမှာ
ခေါင်းငိုက်စိုက်ချနေရသူပါ၊
ပြိုတော့မဲ့ မိုးတိမ်တွေထက်
အရင်ပြိုခဲ့ရသူပါ...။
အနံ့မရှိတဲ့ ပန်းပွင့်ထက်လည်း
အထီးကျန်ခဲ့ရသူပါ၊
မသေမချာ ဖြစ်ရပ်တွေကြား
အလိုက်သင့်မျောပါရင်း...
ဘ၀တစ်ခုကို
ယောင်လည်လည်နဲ့ ပေးဆပ်နေရသူပါ။
အရာအားလုံးရဲ့ သင့်လျှော်တဲ့၊
အားလုံးရဲ့ အတ္တတွေထဲ
မခါးသက်နိုင်သေးတာ
ကိုယ်ရဲ့ အားနည်းချက်တစ်ခုပါ။
ရှင်သန်ခြင်းအတွက်......
နုပျိုမှု့လိုသေးလား၊
မြေကြီးထဲက အမြစ်တွေအားလုံးအတွက်
ပင်စည်မလိုပါဘူး.........
မိုးမခေါင်သေးခင်
ရှင်သန်နေပါစေ...။
လက်ဆုပ်လက်ကိုင် မပြနိုင်သေးတဲ့
အညွှန့်တွေအတွက်၊
ရေးလောင်းဖို့ မေ့သွားခဲ့ပါတယ်..၊
အတိတ်က တောင်းပန်ခဲ့တာတွေလည်း
ခုထိ မရှက်တတ်သေးပါဘူး...
ချည်နှောင်ထားတဲ့ ကြိုးတွေကြောင့်ပါ..။
ဘ၀ထွေထွေမှာ
အလိုက်သိစွာ နေတတ်ခဲ့ပါပြီ......
ဆင်ခြေဆင်လက်တွေလည်း မပေးတော့ပါဘူး။
အားလုံးနဲ့ဝေးရာ..........
...ငါ......
ကဗျာတွေနဲ့သာ။...........။
ခေါင်းငိုက်စိုက်ချနေရသူပါ၊
ပြိုတော့မဲ့ မိုးတိမ်တွေထက်
အရင်ပြိုခဲ့ရသူပါ...။
အနံ့မရှိတဲ့ ပန်းပွင့်ထက်လည်း
အထီးကျန်ခဲ့ရသူပါ၊
မသေမချာ ဖြစ်ရပ်တွေကြား
အလိုက်သင့်မျောပါရင်း...
ဘ၀တစ်ခုကို
ယောင်လည်လည်နဲ့ ပေးဆပ်နေရသူပါ။
အရာအားလုံးရဲ့ သင့်လျှော်တဲ့၊
အားလုံးရဲ့ အတ္တတွေထဲ
မခါးသက်နိုင်သေးတာ
ကိုယ်ရဲ့ အားနည်းချက်တစ်ခုပါ။
ရှင်သန်ခြင်းအတွက်......
နုပျိုမှု့လိုသေးလား၊
မြေကြီးထဲက အမြစ်တွေအားလုံးအတွက်
ပင်စည်မလိုပါဘူး.........
မိုးမခေါင်သေးခင်
ရှင်သန်နေပါစေ...။
လက်ဆုပ်လက်ကိုင် မပြနိုင်သေးတဲ့
အညွှန့်တွေအတွက်၊
ရေးလောင်းဖို့ မေ့သွားခဲ့ပါတယ်..၊
အတိတ်က တောင်းပန်ခဲ့တာတွေလည်း
ခုထိ မရှက်တတ်သေးပါဘူး...
ချည်နှောင်ထားတဲ့ ကြိုးတွေကြောင့်ပါ..။
ဘ၀ထွေထွေမှာ
အလိုက်သိစွာ နေတတ်ခဲ့ပါပြီ......
ဆင်ခြေဆင်လက်တွေလည်း မပေးတော့ပါဘူး။
အားလုံးနဲ့ဝေးရာ..........
...ငါ......
ကဗျာတွေနဲ့သာ။...........။
Wednesday, January 18, 2012
ကြေကွဲခြင်းတွေပြိုကျတဲ့ည
အဲ့ဒီညက ငါ့နှလုံးသားကို
အရေခွံလဲဖို့ မေ့သွားခဲ့တယ်.....
လရောင်ရဲ့ အပြုံးတွေကို
နှစ်နှစ်ခြိုက်ခြိုက်ခံယူဖို့ မေ့သွားခဲ့တယ်......
ကဗျာတွေရေးရင်း
ဆေးလိပ်တိုတွေစုဖို့ မေ့သွားခဲ့တယ်.....
နေရာအနှံ့ စုပုံထားတဲ့
ငါ့ကဗျာတွေကို ပီတိဖြစ်ဖို့မေ့သွာခဲ့တယ်.....
ငါ့ရဲ့အူမကြီးကို
အလုပ်အကြွေးပြုဖို့ မေ့သွားခဲ့တယ်......
အရင်ညတွေလို........
ညနဲ့စကားပြောဖို့ မေ့သွားခဲ့တယ်....
ညနက်နက် အိပ်မက်ဆိုးတွေထဲက
လန့်လန့်နိုးဖို့ မေ့သွားခဲ့တယ်.......
အဲ့ဒီညဟာ ကောင်မလေးတစ်ယောက်ရဲ့
ရက်စက်မှု့တွေကို ခုခံဖို့ မေ့သွားတဲ့ညပါပဲ.............။
-ခြင်တစ်ကောင်ရဲ့အနမ်း
တွန့်ခနဲ ဖြစ်သွာခြင်းရဲ့နောက်မှာ....
ခြင်အုပ်တွေရဲ့ ဟားတိုက်လှောင်ပြောင်မှု့တွေကို...
ကျွန်တော်ခံခဲ့ရပါတယ်။
ဖတ်စာအုပ်ထဲက ခြင်တို့ရဲ့အကြောင်းနဲ့၊
ဆေးရုံသို့ အလည်တစ်ခေါက်မှာ...
ကျွန်တော် ကျောပြင်တွေ တကယ်ပဲ
အေးစိမ့်သွားခဲ့ပါတယ်။။
ဒီလိုနဲ့ပဲ ခြင်ဆေးခွေမရှိတော့တဲ့
ကျွန်တော်ရဲ့ ညညအိပ်မက်တွေထဲမှာ၊
ဝင်္ကပါ လို ရှုပ်ထွေးနေတဲ့...
ဆေးထိုးပိုက်တွေကြားက...
ခြေထောက်တုတ်တုတ်ကြီးတွေ........
ကျွန်တော်ကို ကိုယ်ထင်ပြလို့။။
ခြင်တစ်ကောင်ရဲ့ အနမ်းမှာ-
ကျွန်တော်အလန့်တကြား၊သွေးပျက်မနေချင်တော့၊
မနက်ဖြန်အတွက်...
ခြင်ဆေးခွေ ၀ယ်ထားဦးမှ။......။
ခြင်အုပ်တွေရဲ့ ဟားတိုက်လှောင်ပြောင်မှု့တွေကို...
ကျွန်တော်ခံခဲ့ရပါတယ်။
ဖတ်စာအုပ်ထဲက ခြင်တို့ရဲ့အကြောင်းနဲ့၊
ဆေးရုံသို့ အလည်တစ်ခေါက်မှာ...
ကျွန်တော် ကျောပြင်တွေ တကယ်ပဲ
အေးစိမ့်သွားခဲ့ပါတယ်။။
ဒီလိုနဲ့ပဲ ခြင်ဆေးခွေမရှိတော့တဲ့
ကျွန်တော်ရဲ့ ညညအိပ်မက်တွေထဲမှာ၊
ဝင်္ကပါ လို ရှုပ်ထွေးနေတဲ့...
ဆေးထိုးပိုက်တွေကြားက...
ခြေထောက်တုတ်တုတ်ကြီးတွေ........
ကျွန်တော်ကို ကိုယ်ထင်ပြလို့။။
ခြင်တစ်ကောင်ရဲ့ အနမ်းမှာ-
ကျွန်တော်အလန့်တကြား၊သွေးပျက်မနေချင်တော့၊
မနက်ဖြန်အတွက်...
ခြင်ဆေးခွေ ၀ယ်ထားဦးမှ။......။
Monday, January 16, 2012
ဆူးထဲက ဘဝ
နေ့တစ်ခုရဲ့ အသိုင်းအ၀ိုင်းမှာ
ကျွန်တော်ရဲ့ ဆာလောင်ခြင်းတွေကို
ခတ္တရေနုတ်မြောင်းထဲ စွန့်ချခဲ့တယ်။
တိတိရိရိ ပြက်ချသွားတဲ့ စိတ်အစုံက
သံဆူးချုံတွေ ဗရပွ နဲ့။
အတ္တက ကိုယ့်ကိုကိုယ် သူကောင်းပြုခဲ့၊
အတွေဝေဆုံးသော လမ်းခုလက်က
ကျွန်တော့်ရဲ့ဆည်းဆာကို နက်နက်ရှိုင်းရှိုင်း
သူတို့လွင့်ပြစ်ခဲ့တဲ့ ကျွန်တော်ရဲ့ တကိုယ်စာပါ။
မိုးလင်းမိုးချုပ် စိတ်တေလေတွေ
ညနေတိုင်းထိုင်နေကျ အရက်ဆိုင်အိုမှာ
ပြန်လည် စီကာကုံးခဲ့ရ။
တစ္ဆေမကြောက်တဲ့ ကျွန်တော်
တစ္ဆေခြောက်တဲ့ အိပ်မက်တွေပဲ မက်မက်နေရ။
မိုးလင်းမျက်နှာသစ်မယ့် ရေက
ကျွန်တော့်ရဲ့ စိတ်ကူးတွေကို လှောင်ပြောင်နေသလို
အသိစိတ်ရဲ့အသိက ပိုက်ဆံမရှိခဲ့။
ခြေထောက်နဲ့ နင်းလျှောက်နေမိတဲ့
အိမ်ရှေ့က လမ်းတွေကိုပဲ နှမျှောနေမိ။
အသက်တွေရလာပြီ။
ဒီလိုနဲ့ပဲ
နေ့တစ်ခုရဲ့ အသိုင်းအ၀ိုင်းမှာ
ကျွန်တော်ရဲ့ ဆာလောင်ခြင်းတွေကို
ခတ္တရေနုတ်မြောင်းထဲ စွန့်ချခဲ့ရပြန်တယ်။
ကျွန်တော်ရဲ့ ဆာလောင်ခြင်းတွေကို
ခတ္တရေနုတ်မြောင်းထဲ စွန့်ချခဲ့တယ်။
တိတိရိရိ ပြက်ချသွားတဲ့ စိတ်အစုံက
သံဆူးချုံတွေ ဗရပွ နဲ့။
အတ္တက ကိုယ့်ကိုကိုယ် သူကောင်းပြုခဲ့၊
အတွေဝေဆုံးသော လမ်းခုလက်က
ကျွန်တော့်ရဲ့ဆည်းဆာကို နက်နက်ရှိုင်းရှိုင်း
သူတို့လွင့်ပြစ်ခဲ့တဲ့ ကျွန်တော်ရဲ့ တကိုယ်စာပါ။
မိုးလင်းမိုးချုပ် စိတ်တေလေတွေ
ညနေတိုင်းထိုင်နေကျ အရက်ဆိုင်အိုမှာ
ပြန်လည် စီကာကုံးခဲ့ရ။
တစ္ဆေမကြောက်တဲ့ ကျွန်တော်
တစ္ဆေခြောက်တဲ့ အိပ်မက်တွေပဲ မက်မက်နေရ။
မိုးလင်းမျက်နှာသစ်မယ့် ရေက
ကျွန်တော့်ရဲ့ စိတ်ကူးတွေကို လှောင်ပြောင်နေသလို
အသိစိတ်ရဲ့အသိက ပိုက်ဆံမရှိခဲ့။
ခြေထောက်နဲ့ နင်းလျှောက်နေမိတဲ့
အိမ်ရှေ့က လမ်းတွေကိုပဲ နှမျှောနေမိ။
အသက်တွေရလာပြီ။
ဒီလိုနဲ့ပဲ
နေ့တစ်ခုရဲ့ အသိုင်းအ၀ိုင်းမှာ
ကျွန်တော်ရဲ့ ဆာလောင်ခြင်းတွေကို
ခတ္တရေနုတ်မြောင်းထဲ စွန့်ချခဲ့ရပြန်တယ်။
Subscribe to:
Posts (Atom)