Sunday, December 1, 2013

Upload Pictures


Blog မှာစိတ်ကြိုက်သီချင်းလေးတွေတင်မယ်

မိမိ ကိုယ်ပိုင် Blog မှာ စိတ်ကြိုက်သီးချင်းလေးတွေထည့်ချင်ရင် PodSnack (www.podsnack.com) လုပ်နိုင်ပါတယ်

 http://www.cloudswave.com/images/orig/podsnack_new1363799946643.png




အရင်ဆုံးအပေါ်ကလင့်ကိုသွားပြီး Gmail နဲ့ ဖြစ်ဖြစ် Login ၀င်လိုက်ပါ
ပြီးရင်တော့ ပိုက်ပိုက်ပေါရင်တော့ Premium ၀ယ်ပေါ့အေ
ကိုယ်တွေကတော့ ပိုက်ချံမချိတော့ Free လေးနဲ့ ပဲပေါ့  :'(

ကဲပါ ညာဘက်အပေါ်က New Playlist ကိုနိုပ်လိုက်ပါ ပြီးရင် Title မှာတော့ကြိုက်တာရေးပေါ့
အဲ့မှာ Premium သမားဆိုရင် PC ကပါ Upload တင်လို့ ရပေမယ့် Free သမားတွေမှာ အဲ့တာကလွဲရင်
ကျန်တဲ့ Features အကုန်ရပါတယ် ဒီတော့
အလွယ်ဆုံး Youtube ဆိုတဲ့ကောင်လေးကိုနိုပ် ကိုယ်ဆိုက်မှာဖွင့်ချင်တဲ့သီချင်းကိုရှာ
ဒါနဲ့  Free သမားက သီချင်း ၅ပုဒ်က Limit ပါပဲ :)
ကိုယ်ကြိုက်တာရွေးပြီးရင် Next နိုပ် အဲ့ကျရင် Gadget Layout ရွေးပေတော့
စိတ်ကြိုက်တာရွေး  :P (အဲ့မှာ Shuffle , Auto Play လုပ်မလုပ်လဲရွေးနိုင်ပါသေးတယ်)
ပြီးရင် finish လေးကိုနိုပ်လိုက်ပါ

အဲ့မှာမပြီးသေးဘူးနော် ကျန်သေးတယ်
Embed ကိုနိုပ်လိုက်ပါ Free သမားဆိုရင်တော့ with watermark ကိုနိုပ်လိုက်ပါ
အဲ့မှာ  Code  တွေကျလာပါလိမ့်မယ်  အဲ့တာကို Copy လုပ်
မိမိ Blog ဆိုလဲ Layout ထဲသွား
Add A Gadget HTML/Java Script ကိုရွေး Title မှာတော့ ကြိုက်တာရေးပေါ့
အောက်က Contend မှာတော့ ခုနက Code ကို Copy လုပ်လိုက်ပါ
Save လုပ်လိုက်ပါ
ပြီးရင်မိမိ Blog လေးကိုဝင်ကြည့်လိုက်ပါ ခုနက ရွေးခဲ့တဲ့သီချင်းတွေလာပါလိမ့်မယ် Auto မလာခဲ့ရင် Podsnack က Layout  ရွေးချိန်က Auto Play ကို Click မနိုပ်ထားခဲ့မိလို့ ပါ


Monday, February 20, 2012

ဝဋ်

ခိုးကိုးရာမဲ့ မျက်လုံးလေးတစ်စုံ၊
အတတ်ပညာတစ်ခုရဲ့ အနိမ့်အမြင့်တွေကြားမှာ
အေ၇ာင်မှိန်ခဲ့ဖူးတယ်။
ဘ၀ရယ်....
အရောင်တွေ များလိုက်ပုံများ...
စွဲစွဲမြဲမြဲ မ၀ံ့ထည်တော့တဲ့

တုန်ရီ ခြေနှစ်ချောင်းလို.....
လမ်းမှားတွေဘက် တိမ်းစောင်ခဲ့ဖူးတယ်။
ငယ်ငယ် က....ဖားခြေထောက်ကို ကြိုးနဲ့ချည်၊
ခုန်ခိုင်းခဲ့သလိုမျိုး .............
ငါ့ရဲ့အားထုတ်မှုတွေ...
နောက်ပြန် ရောက်ရောက်နေခဲ့။
အသုံးမတည့်တော့တဲ့..

အသီးအပွင့်တွေလို...
ပုပ်အဲ့အဲ့ လက်သီးဆုပ်ထဲက၊
ဘ၀တွေ ဆုပ်ချည်ဖြန့်ချည်.....

ဒီလိုနဲ့ပဲ ဘ၀ဟာ......
နောက်ထပ်တဖန် '
အရောင် မှိန်ခဲ့ရပြန်ပြီ။ ။

ဆေး




မကြာမီ...

သေဆုံးသွားတော့မယ့်...

မာနတွေ အတွက်....

အကြင်နာ တစ်ခွက်လောက်။


Sunday, February 5, 2012

ငါ့ဘ၀လမ်း




လမ်းတွေက ခြောက်တွေ့တွေ့ ...
ခြောက်သွေ့သွေ့ နေ့ရက်များ
နေ့ရက်များ ရေတွက်ရင်း
ရေတွက်ရင်း တစ်ရွေ့ရွေ့
တစ်ရွေ့ရွေ့ စီးမျောနေ
စီမျောနေ ငါ့ဘဝ
ငါ့ဘ၀ လမ်းတွေက
လမ်းတွေက ခြောက်သွေ့သွေ့.....။

အကျဉ်းစံ




ဝေဒနာသည်တစ်ယောက်ရဲ့
အလွမ်းပွင့်ကြွေသံတွေရယ်ပါ....။


လမ်းတွေမဆုံးသေးဘူး၊
တစ်ထောင့်တစ်ညပုံပြင်လို

ဘ၀ကိုအခါခါငိုကြွေးနေရ။

ဘယ်တော့မှ ပြန်မဆုံနိုင်ခြင်းတွေက
အလွမ်းကိုဖြားယောင်နေကြ။

ကြေကွဲလွမ်းဆွတ်လိုက်တာ
ဘယ်လိုမှမေ့ဖျောက်မရနိုင်တော့
တစ်ယောက်တည်းကြေကွဲအခန်းကျဉ်းထဲမှာ
အလွမ်းသံစဉ်တွေညည်းတွား.....။
ခြောက်ကပ်ကပ်ပါပဲ....
ခြောက်ကပ်ကပ်နဲ့ပါပဲ........။

ဆေးလိပ်၊ အရက်နှင့်ကော်ဖီ


အလွန်အကျွံသောက်ခြင်းက ဦးနှောက်၏လုပ်ဆောင်မှုကို ပျက်ယွင်းစေနိုင်
ကဖင်းဓာတ်သည် လူတို့အား ဘေးဥပဒ်ဖြစ်စေနိုင်ခြင်းမရှိဟု ယူဆရသော် လည်း ကဖင်းဓာတ်ပါဝင်သောကော်ဖီအား ရေရှည်တွင် အလွန်အကျွံသုံးစွဲပါက ဆေး ခြောက်နှင့် ကိုကင်းကဲ့သို့ မူးယစ်ဆေးဝါး များ သုံးစွဲသကဲ့သို့ အကျိုးပျက်ပြားစေနိုင် သည်ဟုဆိုသည်။ လေ့လာဆန်းစစ်မှုအရ ကော်ဖီအလွန်အကျွံသုံးစွဲမှုကြောင့် အယ်လ် ဇိုင်းမားကဲ့သို့သော အကြိုဇရာရောဂါကို ဖြစ်ပေါ်စေပြီး ကဖင်းဓာတ်သည် ဦးနှောက်လုပ်ဆောင်မှုနှင့်ဆက် စပ်နေသော စိုးရိမ်မှု၊ ဒေါသနှင့် ရုတ်တရက် စိတ်ဖောက်ခြင်း ကဲ့သို့သော စိတ်ပိုင်းဆိုင်ရာ ပြဿနာများကို ဖြစ်ပေါ်စေ ခြင်းနှင့် ဦးနှောက်၏ လုပ် ဆောင်မှုတွင် နိုးကြားမှုမရှိ ခြင်း သို့မဟုတ် ဖျတ်လတ်ခြင်းကဲ့သို့သော မူ မမှန်မှုများကို ဖြစ်ပေါ်စေသည်ဟု ဆိုသည်။
ထိုသို့သော ချို့ယွင်း မှုသည် ဦးနှောက်၏ ဧရိယာ တစ်ဝိုက်သို့ ထိရောက်စွာ သွေးပေးပို့နိုင်ခြင်းမရှိသော ကြောင့်ဖြစ်သည်။
ဆေးလိပ်၊ အရက် နှင့် ကော်ဖီ အလွန်အကျွံ သောက်သုံးသူများ၏ ဦး နှောက်ကို စစ်ဆေးကြည့် လျှင် အကြီးအကျယ်ပျက် စီးမှုပြုနေကြောင်း တွေ့ရှိရမည်ဟု အာရုံ ကြောနှင့် စိတ်ရောဂါဆရာဝန် ဒန်နီယယ် အေမင်က ပြောကြားခဲ့သည်။
၎င်းင်း၏အဆိုအရ တစ်နေ့လျှင် ကော်ဖီတစ်ခွက် သို့မဟုတ် ရက်သတ္တတစ် ပတ်လျှင် ၀ိုင်နှစ်ခွက်သောက်သုံးခြင်းက ကျန်း မာရေးနှင့်ပတ်သက်၍ ပြဿနာမရှိသော် လည်း တစ်နေ့လျှင် ကော်ဖီရှစ်ခွက် သို့မဟုတ် တစ်နေ့လျှင် ၀ိုင်နှစ်ခွက်သောက်သုံးခြင်းမှာ လူတို့၏ကျန်းမာရေးအတွက် ဘေးဥပဒ်ဖြစ် မည့် ပမာဏပင်ဖြစ်သည်ဟု ဒေါက်တာအေ မင်က ပြောကြားခဲ့သည်။
[Ref : Internet]/KTA

Saturday, February 4, 2012

ကောင်းကင်ထက်ကကြယ်


ညတစ်ညရဲ့ အလှတရားကိုပုံဖော်ပေးနေတဲ့ ………ဟိုး…….ကောင်းကင်
ပေါ်က
တစ်လက်လက်တောက်ပနေတဲ့ ကြယ်လေးတွေကိုကြည့်ရင်း…ကျွန်တော်ပြုံးခဲ့ မိတယ်……….
ညရဲ့ အလှတရားဆိုတာ ကြယ်စင်လေးတွေရှိမှပြီးပြည့်စုံတာ…ကြယ်စုံတဲ့ ညဆိုရင်အတိုင်းထက်အလွန်ပေါ့…
ကြယ်ကလေးတွေကသူတို့ ရဲ့ ကိုယ်ပိုင်အလင်းရောင် မှုံပြပြလေးတွေနဲ့ ကြည့်သူတွေကိုကြည်နူးမှုတွေပေးတယ်…
အေးချမ်းမှုတွေပေးတယ်…စိတ်ကူးစိတ်သန်းတွေကိုပေးတယ်…တောနက်ထဲလမ်းပျောက်နေသူကိုလမ်းပြပေးတယ်
ပင်လယ်ပြင်ထဲစမ်းတ၀ါးဝါးမသွားရအောင်မြေပုံအဖြစ်နေပေးတယ်…ကဗျာဆရာအတွက်ကဗျာပေါင်းများစွာကိုပေးတယ်…
သီးချင်းတွေကိုဖြစ်လာစေတယ်…ပန်ချီဆရာအတွက် လှပတဲ့ စုတ်ချက်ပေါင်းများစွာကိုပေးတယ်…
ခံစားတက်သူတိုင်းအတွက်အရာရာကိုပေးနိုင်စွမ်းရှိတယ်…
သိပ္ပံပညာရှင်တွေအတွက်လေ့ လာမှုပေါင်းများစွာကို  ဖြစ်စေတယ်…ဘာလို့ လဲဆိုတော
့မြေပြင်ပေါ်ကနေကောင်းကင်ကိုမော့ ကြည့်မိတဲ့ အခါ…တလက်လက်တောက်ပနေတဲ့ 
ကြယ်ပွင့်လေးတွေကိုအားလုံးစိတ်ဝင်စားကြလို့ ပဲ…
နေရောင်လောက်မတောက်ပပေမဲ့ (အလင်းမရပေမဲ့ )လရောင်လောက်မကျယ်ပြန့် ပေမဲ့ ..
.စိတ်ခံစားမှုပေါင်းစုံကိုတော့ 
ပေးစွမ်းနိုင်စွမ်းရှိတယ်လို့ ကျွန်တော်ထင်တယ်…အထီကျန်ဆန်တဲ့ အခါ
ကြယ်လေးများကသင့်ကိုအဖော်ပြုပေးပါလိမ့် မယ်…သူတို့ ကိုသင်စကားပြောကြည့်ခဲ့ ဖူးပါသလား???
ပြောဖူးသူတိုင်းသိမှာပါ…လူတွေသိသွားရင်တော့ သင့်ကိုရူးတယ်လို့ ပြောချင်ပြောလိမ့်မယ်…
ဒါပေမဲ့ သူကလူတွေထက်နှုတ်လုံတယ်ဗျ……………………
အဲလိုရူးတယ်လို့ ပြောတဲ့ သူတွေကထွက်ပေါက်မရှိပဲပိတ်လှောင်နေတဲ့ သူတွေ…
ကြယ်တွေနဲ့ စကားမပြောနိုင်လောက်အောင် စိတ်ပင်ပန်းလူပင်ပန်းဖြစ်နေတဲ့ သူတွေအများစုဖြစ်နေနိုင်တယ်…
ကြယ်ကလေးတွေကိုပုံဖော်ကြည့်ပါ…သူသတို့ ဟာမပြောင်းလဲပဲအမြဲတမ်းကြယ်စုတစ်စုအဖြစ်ရှိနေလိမ့်မယ်…
ကြယ်လေးတိုင်းမှာနာမည်ရှိတယ်ဗျ…လူတွေလိုပဲပေါ့…ပြီးတော့ သမိုင်းကြောင်းလဲရှိနေတယ်…
နတ်ဒေ၀ါတွေကလူတွေရဲ့ ရာသီခွင်တွေကိုကောင်းကင်မှာကြယ်စုလေးတွေနဲ့ ပုံဖော်ပေးခဲ့ ကြတယ်…
ကွှန်တော်တို့ နေထိုင်တဲ့ စကြာဝဠာကြီးထဲမှာကြယ်စင်ပေါင်း(2000000)နှစ်သန်းကျော်လောက်ရှိတယ်တဲ့ …
မထူးဆန်းလွန်းဘူးလား…ဒါတောင်နဂါးငွေ့ တန်းလို့ ခေါ်တဲ့ ကြယ်စုတစ်စုထဲမှာပဲရှိနေတာနော်….
စကြာဝဠာကြီးတစ်ခုလုံးသာဆိုဘယ်သူမှမေ၇မတွက်နိုင်ဘူး…
ဓူဝံကြယ်၊ကြယ်တံခွန်၊ခုနှစ်စဉ်ကြယ်တို့ ကိုလူတိုင်းသိကြမှာပါ…ခွန်စံလောနဲ့ နန်းဦးပြင်ကတော့ ကွှန်တော်တို့ ရဲ့ အိပ်ယာဝင်ပုံပြင်တစ်ပုဒ်ပေါ့…အခုထိရှမ်းပြည်နယ်ဘက်မှာသူတို့ ရဲ့ အုပ်ဂူတွေရှိနေသေးတယ်လို့ ကျွန်တော်ကြားသိခဲ့ ရတယ်…
ဘယ်လောက်အံသြစရာကောင်းလိုက်လဲလို့ …ဒီလိုပဲအချစ်နတ်သမီးလို့ 
တင်စားခေါ်ဝေါတဲ့ venus(သောကြာ)ကြယ်ပေါ့ဒီကြယ်လေးမှာလဲဝမ်းနည်းစရာဇတ်လမ်းလေးတွေရှိနေပြန်ပါသေးတယ်…
ဘယ်သူတွေဘယ်လိုပြောပြောကျွန်တော်အတွက်တော့ ကြယ်လေးတွေဟာစိတ်ခံစားမှုပေါင်းစုံပေးနေတော့ တာပါပဲ………..
ညဆိုရင်ကြယ်လေးတွေနေရာယူတာကိုစောင့်ကြည့်သည်…ပထမဆုံးထွက်သည့်ကြယ်လေးကိုဆုတောင်းသည်..
ကြယ်တွေကြွေကျရင်
စိတ်မကောင်းဖြစ်သည်………….သူတို့ ရွေ့ လျားသွားလာတာကိုကြည့်သည်…….သူတို့ ကိုရင်ဖွင့်သည်……
သူတို့ ကကျွန်တော်ပြောသမျှကိုတစ်လက်လက်နဲ့ စိတ်ဝင်တစားနားထောင်တယ်လေ……..
ပြီးတော့ အတွေးတွေဖြန့် ကျက်ပြီးကဗျာရေးသည်…သီချင်းရေး
သည်…ဂီတာတီရျွ်သီချင်းဆိုသည်…….အရမ်းကြည်နူးဖို့ ကောင်းလိုက်တာဗျာ………
ကျွန်တော်ကြယ်လေးတွေလိုဖြစ်အောင်ကြိုးစားနေမိတယ်…
ကြယ်ကလေးတွေကသူတို့ ကြွေကျခဲ့ တာတောင်နောက်နေ့ကောင်းကင်မှာပြန်ပြီးနေရာယူနိုင်တယ်လေ………
ကွှန်တော်လဲသူတို့ ကိုကြည့်ပြီး လဲရင်ပြန်ထနိုင်ခဲ့ သည်…………ကြယ်ရောင်လိုလင်းနိုင်ဖို့ ………
သူတို့ ကိုအတုယူခဲ့ တယ်………ကျွန်တော့်ပတ်ဝန်းကျင်မှာရှိသမျှလူတွေအတွက်…အကျိုးရှိဖို့ …ပျော်ရွှင်ဖို့ ….
သူတို့ ကိုပြုံးပြဖို့ ကျွန်တော်ကြိုးစားနေတယ်……ဒါပေမဲ့ ………..ကြယ်ဆိုတာက…….
လူတွေအတွက်နေရာအမျိုးမျိုးကအကျိုးပေးနေပေမဲ့ ….
သူကိုယ်တိုင်ကတော့ မီးဝင်းဝင်းတောင်လောက်နေခဲ့ တာမဟုတ်လား……..
သူရဲ့ မှုံပြပြအလင်းရောင်လေးကိုလူသားတွေမြင်နိုင်ဖို့ 
ခံစားနိုင်ဖို့ အတွက်…သူကိုယ်တိုင်အလောင်ကျွမ်းခံရင်းစတေးနေခဲ့ တာ………………………………….
တကယ်ပါ………ကျွန်တော်ကြိုးစားနေမိဦးမှာပါ……………….
ကျွန်တော်ကိုယ်တိုင်အလောင်ကျွမ်းခံပြီးလူတစ်ယောက် ကျွန်တော့်ကြောင့်ပြုံးနိုင်ရင်ပဲ……………………………..
ကြယ်တစ်ပွင့် ရဲ့ နှလုံးသားလို………………………………..
ကျွန်တော်ပျော်ရွှင်နေမိမယ်ဆိုတာကတော့ ……………..သိပ်ကိုသေချာပါတယ်။