Saturday, February 4, 2012

ဝီစကီ သားချော့တေး




သူ့ရင်ခွင်ကို စုံကန်ပြီး သူမအဝေးကိုထွက်သွားခဲ့တယ်.
သန်းခေါင်ယံညရဲ့ လောင်မြိုက်နေတဲ့ ဆေးလိပ်တိုလေးလိုပေါ့.
သူမဟာ သူ့ရဲ့ ရင်ထဲမှာ ဒဏ်ရာတွေ ပေးခဲ့တယ်.
သူ့ဘ၀ တစ်လျှောက်လုံး သူမကိုမေ့ဖျောက်ဘို့ ကြိုးစားခဲ့တယ်..
ဝီစကီသာ သူ့အတွက် အဖေါ်မွန်အဖြစ်နဲ့ သူမကို မေ့ဖျောက်စေခဲ့တယ်.
တဖြေးဖြေးချင်းစီ သောက်ရင်း သူမကို သူ့ရင်ထဲက တစ်စချင်းစီထုတ်ယူနေခဲ့တယ်.
သူမကို သိတဲ့ အသိစိတ်လေးပျောက်ကွယ်သွားတဲ့ အထိဆက်သောက်ရင်း
နောက်ဆုံးမှာ ၀ီစကီက သူမနဲ့ပါတ်သတ်ခဲ့သမျှ မေ့သွားစေခဲ့တယ်..


ဘ၀ဆိုတာ တိုတိုလေးပါပဲ. ဒါပေမဲ့ သူ့အတွက်တော့ ဒီအချိန်တွေက အရမ်းကြာရှည်လွန်းနေလေရဲ့.
သူမကိုမေ့ဖျောက်နိုင်ဘို့ သူအချိန်တိုင်းမူးလို့နေရတယ်.။


သူ့ကိုကျွန်တော်တို့ ပြန်တွေ့ရချိန်မှာတော့
သူ့ခေါင်းအုံးပေါ်မျက်နှာအပ်ထားရင်း.
သူမကို သူ့သက်ဆုံးတိုင်ချစ်ပါတယ်လို့ ရေရွတ်နေတယ်.
သူ့ရဲ့နောက်ဆုံး ထွက်သက်လေးပျောက်ပျယ်သွားတဲ့အထိပေါ့.။


ကျွန်တော်တို့ သူ့ကို သစ်ပင်ကြီးတစ်ပင်အောက်မှာ ထာဝရ အိပ်စက်ခွင့်ပေးလိုက်ချိန်မှာ
နတ်သမီးတွေဟာ သူ့အတွက် ၀ီစကီ သားချော့တေးတစ်ပုဒ်ကို ဆိုညဉ်းပေးကြတယ်.။


ပြောစမှတ်လေးကျန်ရစ်ခဲ့တယ်.
ဒါပေမဲ့ သူမ ကိုယ်တိုင် ဘယ်လောက် နာကြင် ယူကြုံးမရဖြစ်နေတာ ဘယ်သူမှ မသိကြဘူး.။
တစ်နှစ်ပြီးတစ်နှစ်ကုန်ဆုံးသွားတယ်.
ဝီစကီ ကိုသူမ အဖေါ်ပြုရင်းနဲ့ပေါ့.
နာကျင်မှု့တွေ တငွေ့ငွေ့နဲ့ပျောက်ကွယ်သွားအောင် ၀ီစကီလေးနဲ့ အဖေါ်ပြုနေခဲ့တယ်.။
နောက်ဆုံးမှာ သူ့ရဲ့ ပုံရိပ်လေးပျယ်လွင့်သွားခဲ့ပြီး သူမဘာမှမသိလိုက်တော့ဘူး.။
သူ့ရဲ့ဓါတ်ပုံလေးကို ဆုပ်ကိုင်ရင်း လောကကြီးထဲက ထွက်သွားခဲ့တယ်။


ကျွန်တော်တို့ဟာ သူမကို သူ့ရဲ့ဘေးမှာ ထာဝရအိပ်စက်စေခဲ့တယ်.
တစ်ချိန်တည်းမှာ နတ်သမီးလေးတွေဟာ သူမအတွက်.
ဝီစကီ သားချော့တေးလေးတစ်ပုဒ်ကို ဆိုညဉ်းပေးကြလေရဲ့...။

No comments: