Thursday, January 19, 2012

ခြေရာ


ထားခဲ့ပါ....

မင်းရဲ့ မသေခြင်းကဗျာတွေထဲ...

နှလုံးသား အပဲ့လေးတစ်ခုနဲ့ ...

ယဉ်ကျေးပေးပါ့မယ်။

အလေးချိန်တွေ မတူညီလည်း...

မျဉ်းကြောင်းတွေ ဖြောင့်ဆဲ...

ငိုကြွေးခြင်းတွေ ငါ့ဘက်မှာပါ။

ထားခဲ့ပါ...

မင်းရဲ့စွန့်ကျဲခြင်းတွေထဲ...

တစ်အိအိပြိုလဲနေတဲ့ ဘ၀ကို ရေဆန်ထဲမျော....

ပန်းတွေပွင့်လန်းပေးပါ့မယ်။

အနိမ့်အမြင့်တွေ မတူညီလည်း....

တစ်နေရာတည်းကိုတော့..

ငါတို့တူညီစွာနဲ့ ရောက်ကြမှာပါ။

ထားခဲ့ပါ...

မင်းရဲ့နောက်စံတင်း ကဗျာတွေထဲ....

ငါ ပန်းပင်တွေစိုက်ပျိုးပေးပါ့မယ်။

ပြီးတော့ ငါမင်းနောက်လိုက်ခဲ့ပါမယ်။

ထားခဲ့ပါ....

မင်းရဲ့ကဗျာတွေ ကျန်ရှိနေဦးမှာပါ။

1 comment: